■ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Seleções de Portugal
Photo: Seleções de Portugal
Published 18 June 2024

◘ ပေါ်တူဂီ - ချက် (မြန်မာစံတော်ချိန် ဇွန်လ ၁၉ ရက် နံနက် ၁း၃၀ နာရီ)

ပေါ်တူဂီအသင်းအတွက် ဒီပွဲက အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်သလို ချက်အတွက်လည်း အမှားမခံပါဘူး။ ချက်အသင်းနဲ့ ပေါ်တူဂီက စာရွက်ပေါ်က လူစာရင်းအရကြည့်ရင် တော်တော်လေးကွာခြားပေမဲ့ တကယ်တမ်းကွင်းထဲမှာတော့ စုဖွဲ့အလုပ်လုပ်ပုံက ပိုအရေးကြီးတယ်။ အသင်းမာတွေနဲ့ ကစားတဲ့အခါ ပေါ်တူဂီရဲ့ကစားပုံ အားပျော့သွားတတ်တာအတွက်တော့ ဒီပွဲက စိန်ခေါ်မှုပါပဲ။ ပေါ်တူဂီ ဘယ်လောက်အလုပ်လုပ်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ နိုင်ပွဲတော့ ရမှာပါ။

◘ တူရကီ - ဂျော်ဂျီယာ (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် ည ၁ဝး၃၀ နာရီ)

ဂျော်ဂျီယာက ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတိုးချဲ့ခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရပြီး ခြေစစ်ပွဲအောင်လာတဲ့အသင်းပါ။ ဒီပြိုင်ပွဲမှာ အစဉ်အလာအရ၊ အတွေ့အကြုံအရနဲ့ လက်ရှိ ခြေစွမ်းအရပါ အားအနည်းဆုံးအသင်းတစ်သင်းဖြစ်တယ်။ ဒါပေမဲ့  အားအနည်းဆုံးအသင်းမှာတောင် ခွာရတ်စကယ်လီယာလို တစ်ဦးချင်းစွမ်းရည်မြင့် ကစားသမားပါနေတာက လျှော့မတွက်ချင်စရာပါ။ တူရကီကတော့ အသင်းလိုက်မာကျောသလို ခြေစွမ်းလည်းထက်မြက်ပါတယ်။ တူရကီကို ပိုကြိုက်တယ်။