ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုပြင်ဆင်နေသဖြင့် ဓာတ်အားထုတ်လုပ်ပေးမှု ၅၅ MW လျော့နည်းနေသည်ဟု YESC ထုတ်ပြန်

ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုပြင်ဆင်နေသဖြင့် ဓာတ်အားထုတ်လုပ်ပေးမှု ၅၅ MW လျော့နည်းနေသည်ဟု YESC ထုတ်ပြန်
Published 16 May 2024

ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုပြင်ဆင်နေသဖြင့် ဓာတ်အားထုတ်လုပ်ပေးမှု ၅၅ MW လျော့နည်းနေသည်ဟု ရန်ကုန်ဓာတ်အားလျှက်စစ်ဓာတ်အားကော်ပိုရေးရှင်း YESC က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်‌ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်လျက်ရှိသည့် ဇောတိကသဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှုထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအား ဘီးလင်းမြို့အနီးတွင် မေ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ခန့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း YESC က ထုတ်ပြန်သည်။

အဆိုပါသဘာဝဓာတ်‌‌ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇောတိကသဘာဝဓာတ်ငွေ့အား အသုံးပြုမောင်းနှင်လျက်ရှိသည့် ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပေးနိုင်မှု (55 MW) ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

လျော့နည်းသွားသည့် ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုအစား နေ့ပိုင်းတွင် ရတနာသဘာဝဓာတ်‌ငွေ့အား အသုံးပြုမောင်းနှင်၍ အလုံဓာတ်အားပေးစက်ရုံမှ (22 MW) ခန့်ဖြင့်လည်းကောင်း၊ ညပိုင်းတွင် ဒီဇယ်အားအသုံးပြု၍  သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှ (50 MW) ခန့်ဖြင့် လည်းကောင်း ထုတ်လုပ်မောင်းနှင်၍ အတတ်နိုင်ဆုံး ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း YESC က ထုတ်ပြန်ထားသည်။