လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ သတိပေး

လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ သတိပေး
Published 15 October 2024

လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း(၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြော ကြားရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အထက်ပါအချက်ကို ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက် နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလား ချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲ ၀ိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်း ခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေ မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက် ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆို တာ ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ထာဝရငြိမ်း ချမ်းရေးကို အမှန်တကယ်လိုလားသောစိတ် နှင့် အချင်းချင်းပွင့်လင်းမြင်သာမှု၊ တာဝန်ယူ မှု၊ တာဝန်ခံမှုများနှင့် ချမှတ်ထားပြီးသား ကတိကဝတ်များကို လိုက်နာစောင့်ထိန်းသွား ကြရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အားလုံး “မြန်မာ” ဆိုတဲ့ အသိ စိတ်ဓာတ်နဲ့ ရှေ့ကိုချီတက်ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင် ရွက်ကြရမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင် ရွက်တဲ့နေရာမှာလည်း ထာဝရငြိမ်းချမ်းရေး ကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ အချင်း ချင်းပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန် ခံမှုများနဲ့ ချမှတ်ထားပြီးသား ကတိကဝတ် များကို လိုက်နာစောင့်ထိန်းသွားကြဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ယူပြီး ဖြစ်ပေါ်လာမည့်ရွေးကောက်ပွဲဆိုင်ရာ အကြို လုပ်ငန်းစဉ်ကဏ္ဍများတွင် EAO များ၊ တိုင်း ရင်းသားပြည်သူတစ်ရပ်လုံးကပါ လုံခြုံရေးအ သိ၊ လုံခြုံရေးအမြင်များထားရှိပြီး ကိုယ်စီကိုယ် စီတစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင် ရွက်မှုတို့နှင့် နိုင်ငံ့သားကောင်းစိတ်ဓာတ်တို့ ကို ပြသကြရန် တိုက်တွန်းကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင် ရွက်နေကြသည့် အကြမ်းဖက်သမားများ အ လုံးစုံချုပ်ငြိမ်းအဆုံးသတ်သွားနိုင်ရေးအတွက် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့သည်။