လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်အား နည်းပြအဖြစ် ခန့်အပ်ရန် အမေရိကန်အသင်းကို ဂိုးသမားဟောင်း တင်မ်ဟောင်းဝပ် တိုက်တွန်း

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်အား နည်းပြအဖြစ် ခန့်အပ်ရန် အမေရိကန်အသင်းကို ဂိုးသမားဟောင်း တင်မ်ဟောင်းဝပ် တိုက်တွန်း
Photo: X
Photo: X
Published 4 July 2024

အမေရိကန်ဂိုးသမားဟောင်း တင်မ်ဟောင်းဝပ်က လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်အား နည်းပြအဖြစ် ခန့်အပ်ရန် အမေရိကန်အသင်းကို တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်အသင်းသည် ဥရုဂွေး၊ ပနားမားနှင့် ဘိုလစ်ဗီယားတို့ ပါဝင်သည့် အုပ်စု (C)တွင် ရမှတ်(၃) မှတ်သာ ရရှိခဲ့ပြီး အုပ်စုအဆင့်မှထွက်ခွာခဲ့ရခြင်းဖြစ်သည်။

တင်မ်ဟောင်းဝပ်က ''ကိုပါအမေရိကပြိုင်ပွဲကနေ စိတ်ပျက်စရာထွက်ခွာရပြီးနောက်မှာ အမေရိကန်အသင်းအနေနဲ့ ကလော့ပ်ကို နည်းပြအဖြစ်ခန့်အပ်သင့်ပါတယ်။ လက်ရှိမှာ ကလော့ပ်အနားယူပေမဲ့ ဆွေးနွေးလိုက်မယ်ဆိုရင် အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ငွေကြေးကလည်း အဓိကအကြောင်းအရာအဖြစ်ပါမှာပေါ့။ ကလော့ပ်ဟာ လီဗာပူးလ်မှာ လူငယ်တွေကို ပျိုးထောင်ခဲ့သူပါ။ သူသာ ကိုင်မယ်ဆိုရင် အမေရိကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ စံချိန်တင်အောင်မြင်နိုင်မယ်ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent