အင်္ဂလန်အတွက် ကစားရန်အသင့်ဟု မိန်နူး ပြောကြား

အင်္ဂလန်အတွက် ကစားရန်အသင့်ဟု မိန်နူး ပြောကြား
Photo: UF
Photo: UF
Published 20 June 2024

အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား မိန်နူးက ၎င်းအနေဖြင့် ယူရိုပြိုင်ပွဲတွင် အသင်းအတွက် ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိန်နူူးသည် အင်္ဂလန်အသင်း၏ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည့် ဆားဘီးယားအား (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပွဲချိန် (၈၆) မိနစ်တွင် ဘယ်လင်ဟမ်အစား လူစားဝင်ခွင့်ရခဲ့သည်။

မန်ယူဂန္ထဝင် ရွန်နီက ကွင်းလယ်တွင် ခြေစွမ်းမပြနိုင်သည့် အာနိုးလ်အစား မိန်နူးကို ပွဲထွက်အဖြစ် အသုံးပြုသင့်သည်ဟု ပြောကြားခဲ့သည်။

သို့သော် မိန်နူးက အင်္ဂလန်အသင်းတွင် ကစားသမားကောင်းများစွာရှိပြီး မိမိအနေဖြင့် နည်းပြ စိတ်တိုင်းကျကစားရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မိန်နူးက ''အင်္ဂလန်အသင်းမှာ ထိပ်တန်းကွင်းလယ်ကစားသမားတွေ အများကြီးပါ။ ကျွန်တော့်အနေနဲ့ နည်းပြလိုချင်တဲ့အချိန် အကောင်းဆုံးကစားနိုင်အောင် ကြိုးစားလေ့ကျင့်နေပါတယ်။ ပွဲထွက်ဖြစ်ဖြစ် အရန်ဖြစ်ဖြစ် ကစားဖို့အသင့်ပါပဲ''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent