လီဗာပူးလ်နှင့်ပွဲတွင် မိမိတို့ ကြီးမားသည့် အမှားနှစ်ခု ကျူးလွန်ခဲ့မိသည်ဟု တန်ဟက်ဂ် သုံးသပ်

လီဗာပူးလ်နှင့်ပွဲတွင် မိမိတို့ ကြီးမားသည့် အမှားနှစ်ခု ကျူးလွန်ခဲ့မိသည်ဟု တန်ဟက်ဂ် သုံးသပ်
Photo: X
Photo: X
Published 2 September 2024

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မိမိတို့ ကြီးမားသည့် အမှားနှစ်ခု ကျူးလွန်ခဲ့မိသည်ဟု သုံးသပ်ခဲ့သည်။

'' ဖြစ်သွားတာက တော်တော်လေးရိုးရှင်းပါတယ်။ ကျွန်တော်တို့ ပွဲထဲမှာ တကယ်ရှိနေခဲ့တယ်။ ပထမနာရီဝက်လောက်အထိ ကျွန်တော်တို့ နှစ်သင်းစလုံး ခြေရည်တူပဲ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့က အမှားကြီး ၂ ခုကို ကျူးလွန်ခဲ့ပြီး လီဗာပူးလ်အသင်းက ဒါကိုကောင်းကောင်းအသုံးချသွားခဲ့တယ်။ သူတို့ သွင်းသွားတဲ့ ဂိုးတွေကောင်းပြီး သူတို့က တကယ်ကို အဆုံးသတ် သေချာပါတယ်။ ၂ ဂိုးရှုံးသွားပြီးတဲ့နောက် လီဗာပူးလ်ကို ရင်ဆိုင်ကစားရတာ မလွယ်ကူပါဘူး။ သူတို့က အရမ်းကို ဒိုင်းနမစ် ဖြစ်တယ်။ ကျွန်တော်တို့အတွက် ယှဉ်ကစားဖို့ အရမ်းခက်ခဲသွားခဲ့ပါတယ်။ ကျွန်တော်တို့ ၂-၁ ဂိုးဖြစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဇက်ဇီက ၂-၁ ဖြစ်သွားအောင် လုပ်နိုင်ခဲ့သင့်တယ်။ ပြီးတော့ ကျွန်တော်တို့ နောက်ထပ်အမှားတစ်ခုကို ထပ်ပြီးကျူးလွန်မိခဲ့တယ်။ အဲဒီမှာလည်း မိုဆာလာရဲ့ အရမ်းသေချာတဲ့ အဆုံးသတ်ကို ကျွန်တော်တို့ ထပ်တွေ့ခဲ့ရတယ်။ ကျွန်တော် ဒီအချက်ကိုတော့ အသိအမှတ်ပြုပါတယ်။ လီဗာပူးလ်က အခွင့်အရေးတွေကို အဆုံးသတ်တာ အရမ်းကောင်းခဲ့တယ်။ သူတို့ သွင်းသွားတဲ့ ဂိုးတွေက တကယ့်အကောင်းစားဂိုးတွေပါ။ ဒါဟာ တစ်ဦးချင်းအရည်အသွေးပါ။ လီဗာပူးလ်အသင်းဟာ ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားပါတယ်။ ကျွန်တော်တို့လည်း အဲ့ဒီလို ကစားသမားတွေရှိပါတယ်။ ဇက်ဇီက နေရာယူပုံကောင်းပြီး ရှိရမယ့်နေရာမှာ ရှိပါတယ်။ ကျွန်တော်တို့ တိုးတက်လာဦးမှာပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒီနေ့ အမှားတွေကို ကျွန်တော် လက်ခံပါတယ်။ ကျွန်တော်တို့ ပြန်တုံ့ပြန်မှာပါ'' ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဘရိုက်တန်နှင့် လီဗာပူးလ်အသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့သည့်အတွက် အမှတ်ပေးဇယား အဆင့်(၁၄)နေရာသို့ ရောက်ရှိခဲ့သည်။

Most Read

Most Recent