■ ဇာဗီကို ထုတ်ပယ်ရသည်မှာ လွယ်ကူသည့်ဆုံးဖြတ်ချက်မဟုတ်ဟု လာပေါ်တာ ဆို     

■ ဇာဗီကို ထုတ်ပယ်ရသည်မှာ လွယ်ကူသည့်ဆုံးဖြတ်ချက်မဟုတ်ဟု လာပေါ်တာ ဆို     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ လာပေါ်တာက နည်းပြ ဇာဗီကို ထုတ်ပယ်ရသည်မှာ လွယ်ကူသည့်ဆုံးဖြတ်ချက်မဟုတ်ဟု ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ကစားသမားဟောင်း ဇာဗီကို ၂၀၂၁ ခုနှစ်တွင် နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ပြီးခဲ့သည့်မေလ၌ ရာထူးမှ ထုတ်ပယ်ကာ ဟန်ဆီဖလစ်ခ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းအတွက် လာပေါ်တာက "ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီလို့ ယုံကြည်တာကြောင့် သူ့ကို ထုတ်ပယ်ခဲ့တာပါ။ အခက်ခဲဆုံးအချိန်မှာ အသင်းကို တာဝန်ယူပေးခဲ့တဲ့ ဇာဗီနဲ့ နည်းပြအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူက လာမာစီယာကစားသမားတွေကို စွန့်စားပြီး နေရာပေးခဲ့သူလည်းဖြစ်ပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent