ဘာနေဗျူးကွင်းတွင် တစ်ခုံလျှင် ပေါင်(၂၀၀၀၀၀)ကျော်ကျသင့်မည့် Super VIP ထိုင်ခုံ (၃၀၀) တပ်ဆင်သွားမည်

ဘာနေဗျူးကွင်းတွင် တစ်ခုံလျှင် ပေါင်(၂၀၀၀၀၀)ကျော်ကျသင့်မည့် Super VIP ထိုင်ခုံ (၃၀၀) တပ်ဆင်သွားမည်
Photo: X
Photo: X
Published 22 July 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာနေဗျူးကွင်းတွင် ပရိသတ်များအနေဖြင့် တစ်ခုံလျှင် ပေါင်(၂၀၀၀၀၀)ကျော်ကျသင့်မည့် Super VIP ထိုင်ခုံ (၃၀၀) တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ဘာနေဗျူးကွင်းကို ၂၀၁၉ ခုနှစ်မှစ၍ ပြန်လည်တည်ဆောက်မှုပြုလုပ်ခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ကုန်ကျစရိတ် ပေါင်(၁.၅)ဘီလီယံဝန်းကျင်ရှိခဲ့ပြီး အဆင့်မြင့်နည်းပညာများဖြင့် ဖန်တီးထားသည့် ဘာနေဗျူးကွင်းမှာ ငွေကြေးချမ်းသာသော ပရိသတ်များအတွက် ဘောလုံးပွဲ ကြည့်ရင်း အပန်းဖြေနိုင်မည့် အခန်းကဏ္ဍများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

ဘာနေဗျူးကွင်း၏ မြေအောက်ထပ်၌ ပရိသတ်(၂၀၀) ကျော် ဝင်ဆံ့သည့် နိုက်ကလပ်တစ်ခု ဖန်တီးထားသလို၊ အမိုးပေါ်မှ ကြည့်ရှုနိုင်ရန်လည်း ဖန်တီးထားကြောင်း သိရသည်။

ယခုအခါ Super VIP ထိုင်ခုံ(၃၀၀) တပ်ဆင်မှုကို စတင်တော့မည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ပရိသတ်များ စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပရိသတ်များအနေဖြင့် အဆိုပါ Super VIP ထိုင်ခုံတစ်ခုံအတွက် ပေါင်(၂၁၀၀၀၀)ကျော် ကျသင့်မည်ဖြစ်ပြီး ရီးယဲလ်အသင်း၏ အိမ်ကွင်းပွဲစဉ်အားလုံးအပြင် ဘာနေဗျူးကွင်းအတွင်း ကျင်းပမည့် အခြားပွဲအမျိုးမျိုးကိုလည်း ကြည့်ရှုခွင့်ရမည်ဟု သိရသည်။

ယင်းထိုင်ခုံများကို ကွင်း၏အပေါ်ပိုင်း မြင်ကွင်းအကောင်းဆုံးနေရာ၌ ထားရှိသွားမည်ဟု သိရသည်။ 

Most Read

Most Recent