နယ်သာလန်နှင့်ကစားမည့် ဆီမီးဖိုင်နယ်အတွက် ကြံ့ခိုင်မှုပြည့်ဝပြီး အသင့်ရှိနေပြီဟု နောက်ခံလူ လုခ်ရှော ကြုံးဝါး

နယ်သာလန်နှင့်ကစားမည့် ဆီမီးဖိုင်နယ်အတွက် ကြံ့ခိုင်မှုပြည့်ဝပြီး အသင့်ရှိနေပြီဟု နောက်ခံလူ လုခ်ရှော ကြုံးဝါး
Photo: AFP
Photo: AFP
Published 10 July 2024

 

အင်္ဂလန်နောက်ခံလူ လုခ်ရှောက နယ်သာလန်နှင့်ကစားမည့် ဆီမီးဖိုင်နယ်ပွဲတွင် နိုင်ငံအသင်းအတွက် ပွဲချိန်ပြည့်ကစားပေးရန် ကြံ့ခိုင်မှုပြည့်ဝနေပြီး အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။ 

"တကယ်တော့ မိနစ် ၉၀ ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝပြီး အသင့်ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါက ဂါရတ် (ဆောက်ဂိတ်) ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ အဲဒီပွဲအတွက် အဆင်သင့်ပဲလို့ ခံစားရပါတယ်" ဟု လုခ်ရှောက ပြောကြားခဲ့သည်။ 

လုခ်ရှော အနေဖြင့် ယခုယူရိုပြိုင်ပွဲ၌ ပထမဆုံးပွဲအဖြစ် ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်သည့် ဆွစ်ဇာလန်နှင့်ပွဲတွင် ပွဲချိန် ၇၈ မိနစ်တွင် လူစားဝင်ကစားခဲ့ခြင်းဖြစ်ပြီး အုပ်စု သုံးပွဲနှင့် ၁၆ သင်းအဆင့်ပွဲစဉ်များကို လွဲချော်ခဲ့ရသည်။ 

လုခ်ရှောသည် ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် တစ်ဦးတည်းသော ဘယ်နောက်ခံလူအဖြစ် ပါဝင်လာသော်လည်း ၎င်းမကစားနိုင်ခြင်းကြောင့် ထရစ်ပီယာက ဘယ်အခြမ်းထွက် ကစားနေရခြင်းဖြစ်သည်။

Most Read

Most Recent