ကစားသမားများ၏ကန်တင်းတွင် ဝန်ထမ်းများကို စားသောက်ခွင့်ပိတ်ပင်ရန် မန်ယူအသင်း စီစဉ်

ကစားသမားများ၏ကန်တင်းတွင် ဝန်ထမ်းများကို စားသောက်ခွင့်ပိတ်ပင်ရန် မန်ယူအသင်း စီစဉ်
Photo: Fabrizio
Photo: Fabrizio
Published 6 June 2024

မန်ယူအသင်းရှယ်ယာ (၂၅) ရာခိုင်နှုန်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်သည် အသင်း၏လေ့ကျင့်ရေးကွင်း ကာရင်တန်ရှိ ကစားသမားများ စားသောက်လေ့ရှိသည့် ကန်တင်းတွင် ဝန်ထမ်းများကို စားသောက်ခွင့်ပိတ်ပင်ရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ရက်ကလစ်ဖ်သည် လာမည့်ရာသီသစ်အတွက် အောက်ခြေမှစပြီး အပြောင်းအလဲများ ပြုလုပ်နေပြီး ယခုအခါ ကစားသမားများကို ဝန်ထမ်းများနှင့် ခွဲခြားထားရန် စီစဉ်လာခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများတွင် ကစားသမားများအနေဖြင့် အသင်း၏လေ့ကျင့်ရေးကွင်းရှိ ကန်တင်းတွင် ဝန်ထမ်းများနှင့် စားသောက်လေ့ရှိကြောင်း သိရှိရသည်။

သို့သော် ယခုအခါ မန်ယူအသင်းအနေဖြင့် အသင်းဝန်ထမ်းများကို ကစားသမားများ၏ ကန်တင်းတွင် စားသောက်ခွင့် ပိတ်ပင်ဖွယ်ရှိနေရာ မန်ယူကစားသမားများမှာ ပိုအထီးကျန်လာမည်ဟု ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။

ရက်ကလစ်ဖ်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းမှာ ကစားသမားများ ဘောလုံးအပေါ် ပိုမိုအာရုံစိုက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော် မန်ယူအသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်တွင် အသင်း၏လေ့ကျင့်ရေးကွင်းတွင် လုပ်ကိုင်သည့် ဝန်ထမ်းများအားလုံးကို အသင်းကစားသမားများနှင့် ပျော်ပျော်ပါးပါး စားသောက်ခွင့်ပြုခဲ့သည့် အစဉ်အလာမှာ ရက်ကလစ်ဖ်လက်ထက်တွင် ပျက်ဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent