■ ကွန်းဖရန့်လိဂ်တွင် ချယ်လ်ဆီးဗိုလ်စွဲမည်ဟု ခန့်မှန်းခံရ

■ ကွန်းဖရန့်လိဂ်တွင် ချယ်လ်ဆီးဗိုလ်စွဲမည်ဟု ခန့်မှန်းခံရ
Photo: Getty Images
Photo: Getty Images
Published 6 September 2024

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိမည်ဟု စူပါကွန်ပျူတာက ခန့်မှန်းခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်း သည် ကွန်းဖရန့်လိဂ် Play-off အဆင့် ဒုတိယအကျော့တွင် ဆာဗက်တေအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အလားအလာအကောင်းဆုံး အသင်းအဖြစ် ခန့်မှန်းခံရခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် ဥရောပဖလား သုံးမျိုးစလုံးကို ရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ကွန်းဖရန့်လိဂ်ပြိုင်ပွဲအတွက် ကစားသမား(၂၉)ဦးစာရင်းတင်သွင်းခဲ့ရာ၌ အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သည့် အင်္ဂလန်တိုက်စစ်ကစားသမား ပါလ်မာကို ချန်လှပ်ထားခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ပါလ်မာကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဓိကအသုံးပြုရန် ရည်ရွယ်ခြင်းကြောင့် ကွန်းဖရန့်လိဂ် လူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်ပြီး ဆန်ချို၊ မူဒရစ်၊ နေတို စသည့်ကစားသမားများမှာမူ ကွန်းဖရန့်လိဂ်လူစာရင်းတွင် ထည့်သွင်းခံခဲ့ရကြောင်း သိရသည်။ 

သို့သော် ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ရှုံးထွက်အဆင့်သို့ ရောက်ရှိပါက လူစာရင်းအသစ် ပြန်လည်တင်သွင်းရမည်ဖြစ်၍ ယင်းအချိန်တွင်မူ ပါလ်မာကို ပြန်လည်ထည့်သွင်းဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent