အယ်လ်အစ်တီဟတ်အသင်းအား ပီအိုလီကိုင်တွယ်မည်

အယ်လ်အစ်တီဟတ်အသင်းအား ပီအိုလီကိုင်တွယ်မည်
Photo: Getty Images
Photo: Getty Images
Published 4 July 2024

ပြီးခဲ့သည့် မေလအတွင်းက အေစီမီလန်အသင်းနှင့်လမ်းခွဲခဲ့သည့် အီတလီလူမျိုးနည်းပြ ပီအိုလီသည် ဆော်ဒီလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းအား နည်းပြသစ်အဖြစ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၅၈)နှစ်အရွယ်ရှိ ပီအိုလီသည် နည်းပြဘဝတစ်လျှောက် ဘိုလော့ဂ်နာ၊ လာဇီယို၊ အင်တာမီလန်၊ ဖီအိုရင်တီးနားနှင့် အေစီမီလန်အသင်းတို့အားကိုင်တွယ်ခဲ့ပြီး အေစီမီလန်နှင့်အတူ ၂၀၂၁-၂၂ ရာသီစကူဒက်တိုချန်ပီယံဆုအားရယူနိုင်ခဲ့သူ ဖြစ်သည်။

ဖာဘင်ညို၊ ကွန်တေနှင့် ဘန်ဇီမာတို့ကစားနေသည့် ဆော်ဒီထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းသည် နည်းပြဟောင်း ဂါလာဒိုနှင့် လမ်းခွဲပြီးနောက် ပီအိုလီအား နည်းပြသစ်အဖြစ်ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး (၃)နှစ်စာချုပ်ချုပ် ဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ပီအိုလီသည် ပြီးခဲ့သည့်ဇွန်လကတည်းက အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent