တိုနီကရို့စ်ကြောင့် ဂျာမနီ ပိုကောင်းလာဟု ဆာနေး ဖွင့်ဟ

တိုနီကရို့စ်ကြောင့် ဂျာမနီ ပိုကောင်းလာဟု ဆာနေး ဖွင့်ဟ
Photo: Madrid Xtra
Photo: Madrid Xtra
Published 4 July 2024

ဂျာမနီတိုက်စစ်ကစားသမား ဆာနေးက ၀ါရင့်ကွင်းလယ်ကစားသမား တိုနီခရို့စ်ကြောင့် မိမိတို့အသင်း ပိုကောင်းလာကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိ တိုနီကရို့စ်သည် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။

သို့သော် တိုနီကရို့စ်သည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ ၂၀၂၄ မတ်လတွင် ဂျာမနီအသင်းအတွက် ပြန်လည်ကစားခဲ့သည်။

ဂျာမနီအသင်းသည် တိုနီကရို့စ် ပြန်ကစားပြီးနောက် ရလဒ်များတောက်လျှောက်ပြန်ကောင်းလာခဲ့ပြီး ယခုအခါ ယူရို၂၀၂၄ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ထားသည်။

ဆာနေးက ''တိုနီကရို့စ်ရဲ့ အရည်အချင်းကို လူတိုင်းသိပါတယ်။ သူ မကစားခင်က ကျွန်တော်တို့အသင်းဟာ တည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရပြီး သူ ပြန်ကစားပြီးနောက် ကွင်းလယ်ပိုင်းက တော်တော်လေး တည်ငြိမ်သွားပါတယ်။ သူ့ကြောင့် ကျွန်တော်တို့အသင်းဟာ ပိုကောင်းလာပြီး ပိုပြီးသန်မာလာပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent