■ ယူရိုအဖွင့်ပွဲတွင် ဂျာမနီနိုင်မည်ဟု ဘူဘီ ခန့်မှန်း

■ ယူရိုအဖွင့်ပွဲတွင် ဂျာမနီနိုင်မည်ဟု ဘူဘီ ခန့်မှန်း
Photo: Reuters
Photo: Reuters
Published 14 June 2024

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ပွဲစဉ်များကို ခန့်မှန်းပေးရန် လေ့ကျင့်ပေးထားသည့် ဆင်ကြီး ဘူဘီက ယူရိုအဖွင့်ပွဲတွင် စကော့တလန်ကို ဂျာမနီအသင်း အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။ 

၎င်းက ဂျာမနီနှင့် စကော့တလန်အလံ တပ်ဆင်ထားသည့် ဂိုးတိုင်နှစ်ခုအနက် ဘောလုံးကို ဂျာမနီအသင်းဘက်သို့ ကန်သွင်းကာ ခန့်မှန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆင်မကြီး ဘူဘီသည် အီတလီနိုင်ငံမှ  ဂျာမနီနိုင်ငံသို့ ရောက်ရှိလာသည့် အာဖရိကဆင်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent