■ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု C နှင့် D နောက်ဆုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု C နှင့် D နောက်ဆုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: England football team
Photo: England football team
Published 25 June 2024

◘ နယ်သာလန် - သြစတြီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် ည ၁ဝး၃၀ နာရီ)

နယ်သာလန်နဲ့ သြစတြီးယားတို့ကြားမှာ ထိပ်တိုက်တွေ့ဆုံမှုအပိုင်းက တော်တော်လေးကွာတယ်။ နယ်သာလန်က သြစတြီးယားကို နောက်ဆုံး ၆ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး၊ တစ်ပွဲပဲ ရှုံးခဲ့တယ်။ ဒီနှစ်သင်း နောက်ဆုံး တွေ့ခဲ့တာက ယူရို-၂၀၂၀ တုန်းကဖြစ်ပြီး အဲဒီအချိန်တုန်းက ပူးတွဲအိမ်ရှင်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်က သြစတြီးယားကို အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပိုင်းက အဖွင့်ဂိုးကို သွင်းယူပေးခဲ့တယ်။ အခုအချိန်မှာတော့ သြစတြီးယားနဲ့ နယ်သာလန်တို့ကြားမှာ ကွာဟချက်ကြီးကြီးမားမား မရှိပါဘူး။ သြစတြီးယားရဲ့အသင်းလိုက်ခြေစွမ်းနဲ့ အလုပ်လုပ်ပုံက နယ်သာလန်ကို ယှဉ်ကစားနိုင်ပါတယ်။ ဒီပွဲက သရေရလဒ်နဲ့ အဆုံးသတ်လိမ့်မယ်။

◘ ပြင်သစ် - ပိုလန် (မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် ည ၁ဝး၃၀ နာရီ)

ပိုလန်က အဖွင့်ပွဲမှာ နယ်သာလန်ကို ကပ်ရှုံးခဲ့ပြီးနောက် ဒုတိယပွဲမှာလည်း သြစတြီးယားကို ၃-၁ နဲ့ ထပ်ရှုံးခဲ့လို့ ပြိုင်ပွဲက ထွက်လိုက်ရပြီ။ ပြင်သစ်က လက်ရှိအချိန်မှာ အုပ်စုတွင်း ဒုတိယနေရာမှာ ရှိနေပြီး အုပ်စုဗိုလ်နေရာအတွက်ဆိုရင် နိုင်ပွဲတင်မဟုတ်ဘဲ ဂိုးပြတ်သွင်းထားဖို့ လိုနေတယ်။ ဒီပွဲမှာ ပြင်သစ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေ ပြန်ကစားဖို့များတယ်။ ပြင်သစ်ရဲ့ခံစစ်က တော်တော်လေးတောင့်တင်းပြီး တိုက်စစ်ကတော့ အမ်ဘာပေနဲ့တောင် အားနည်းနေဆဲပါ။ ပိုလန် ဖွင့်ကစားရင်တော့ ပြင်သစ် ပိုကြိုက်တယ်။ ပြင်သစ် ဂိုးပြတ်နိုင်ဖို့များတယ်။

◘ အင်္ဂလန် - ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

ဒီပွဲကို ကိုလုံးမှာ ကစားမယ်။ အင်္ဂလန်အသင်းအတွက် လုံးဝလျှော့မတွက်သင့်တဲ့ ပွဲတစ်ပွဲလည်းဖြစ်တယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားပုံက အခုအချိန်အထိ Rhythm မမိသေးသလို၊ အားရစရာလည်း မရှိသေးဘူး။ ကြယ်ပွင့်ကစားသမားတွေ များပေမဲ့ တစ်ဦးချင်း လုပ်ရည်ကိုင်ရည်တော်တော်လေးအား နည်းကြတယ်။ ဆလိုဗေးနီးယားက တော်တော်လေးမာကျောတဲ့ အသင်းပါ။ အင်္ဂလန်က ပိုကောင်းတဲ့အသင်းဆိုပေမဲ့ ဆလိုဗေးနီးယားကိုပဲ ကြိုက်တယ်။

◘ ဒိန်းမတ် - ဆားဘီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

အင်္ဂလန်နဲ့ပွဲမှာ ဒိန်းမတ် ကစားသွားတဲ့ပုံစံက အထင်ကြီးစရာကောင်းပါတယ်။ အဲရစ်ဆင်ရဲ့ ငယ်မူပြန်ခြေစွမ်းကိုလည်း ပြန်တွေ့ရတယ်။ မန်ယူကြယ်ပွင့်တိုက်စစ်မှူး ဟွိုင်လန်းက ဂိုးမသွင်းနိုင်သေးပေမဲ့ အင်္ဂလန်နောက်တန်းကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့တယ်။ ဆားဘီးယားရဲ့ လက်ရှိခြေစွမ်းကတော့ တည်ငြိမ်မှု သိပ်မရှိသေးဘူး။ ဒါပေမဲ့ တစ်ချက်ကောင်း ထိုးဖောက်ချက်တွေနဲ့ ဂိုးရဖို့ကြိုးစားနေတာကိုတော့ တွေ့ရတယ်။ သရေကျဖို့များပြီး ဂိုးများနိုင်တယ်။

Most Read

Most Recent