■ တိုနေး၏သဘောထားကို အယ်လ်ဟီလာအသင်း သိရှိလို     

■ တိုနေး၏သဘောထားကို အယ်လ်ဟီလာအသင်း သိရှိလို     
Photo: Sky Sports
Photo: Sky Sports
Published 23 August 2024

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ဘရန့်ဖို့ဒ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို ခေါ်ယူရန် ကြိုးပမ်းနေရာ ၎င်း၏ သဘောထားကို တနင်္လာနေ့နောက်ဆုံးထား၍ သိရှိလိုနေကြောင်း သိရသည်။ 

အသက် (၂၈) နှစ်အရွယ်ရှိ တိုနေးသည် ယခုရာသီကုန်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သစ် မချုပ်ဆိုဘဲ အသင်းပြောင်းရွှေ့လိုနေကြောင်း သိရသည်။ 

ဘရန့်ဖို့ဒ်အသင်းကလည်း ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုနေးအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသဖြင့် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ရောင်းချလိုနေကြောင်း သိရသည်။ 

တိုနေးသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသော်လည်း လက်ရှိအချိန်တွင် ဆော်ဒီကလပ်များနှင့်အပြိုင် ကြိုးပမ်းမှုရှိမနေကြောင်း သိရသည်။ 

ထို့ကြောင့် ၎င်းအနေဖြင့် ဆော်ဒီသို့ ပြောင်းရွှေ့လိုခြင်းရှိ၊ မရှိကို အယ်လ်ဟီလာအသင်းက သိရှိလိုခြင်းဖြစ်ကြောင်း သိရသည်။

ဘရန့်ဖို့ဒ်အသင်းသည် တိုနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) အလိုရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent