■ ပြင်သစ်နောက်ခံလူ ဆာလီဘာကို အိုလံပစ်ယှဉ်ပြိုင်ခွင့်မပြုရန် အာဆင်နယ် ဆုံးဖြတ်     

■ ပြင်သစ်နောက်ခံလူ ဆာလီဘာကို အိုလံပစ်ယှဉ်ပြိုင်ခွင့်မပြုရန် အာဆင်နယ် ဆုံးဖြတ်     
Photo: Getty Images
Photo: Getty Images
Published 31 May 2024

အာဆင်နယ်အသင်းသည် ပြင်သစ်နောက်ခံလူ ဆာလီဘာကို ပါရီအိုလံပစ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ 

ဆာလီဘာ(၂၃ နှစ်)သည် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မည့် ပြင်သစ်လက်ရွေးစင်အသင်းတွင် ရွေး ချယ်ခြင်းခံထားရသလို၊ အိုလံပစ်ယှဉ်ပြိုင်မည့် ပြင်သစ်အသင်းတွင်လည်း ရွေးချယ်ခံရဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းက ဆာလီဘာအား အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ဇူလိုင်(၂၄)မှ သြဂုတ်(၁၀)အထိဖြစ်သည့်အတွက် ရာသီသစ်အတွက် ပြင်ဆင်ရာတွင် အနှောင့်အယှက်ဖြစ်နိုင်သောကြောင့် အာဆင်နယ်အသင်းက ဆာလီဘာအား ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။