■ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ဆုရရှိရန် ဘယ်လင်ဟမ် ရေပန်းစားနေ

■ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ဆုရရှိရန် ဘယ်လင်ဟမ် ရေပန်းစားနေ
Photo: Getty Images
Photo: Getty Images
Published 14 June 2024

အင်္ဂလန်အသင်း၏ ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ယူရို -၂၀၂၄ ပြိုင်ပွဲတွင်အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

    

ယူရိုပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးလူငယ်ကစားသမားဆုများကို ရွေးချယ်ချီးမြှင့်လျက်ရှိရာ အသက်(၂၀)သာရှိသေးသည့် ဘယ်လင်ဟမ်အနေဖြင့် အကောင်းဆုံးလူငယ်ကစားသမားဆုရရှိရန် ရေပန်းစားနေခြင်းဖြစ်သည်။ 

ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး လာလီဂါအကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ အောင်မြင်မှုရရှိခဲ့ပါက Ballon d'Or ဆုကိုပင် မျှော်လင့်နိုင်သည်ဟုလည်း ထင်ကြေးပေးခံထားရသည်။ 

Sky Bet ၏ အ လေးပေးမှုအရ ဘယ်လင်ဟမ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အကောင်းဆုံးလူငယ်ကစားသမားဆုရရှိရန် (၁၁း၄)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဒုတိယနေရာတွင် ဂျာမန်ကစားသမား ဗက်ဇ်က (၁၁း၂)လေး၊ တတိယနေရာတွင် ဂျာမန်ကစားသမား မူဆီယာလာက (ရး၁)လေးဖြင့် ရပ်တည်နေသည်။

Most Read

Most Recent