အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံဆုများရယူနိုင်ရန်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူရန် လိုအပ်ကြောင်း ဖာဘရီဂတ်စ် သုံးသပ်

အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံဆုများရယူနိုင်ရန်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူရန် လိုအပ်ကြောင်း ဖာဘရီဂတ်စ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 25 May 2024

 

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်က အသင်းဟောင်းအနေဖြင့် ချန်ပီယံဆုများကို ရယူနိုင်ရန်အတွက် တစ်ရာသီလျှင် ဂိုး ၃၀ အထိ သွင်းယူနိုင်သည့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီနှင့် ယခုရာသီတို့တွင် ပရီး မီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံမန်စီးတီးအသင်းကို အနီးကပ်ဖိအားပေးနိုင်ခဲ့သော်လည်း နှစ်ရာသီလုံး ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ အာဆင်နယ်အသင်း၏တိုက်စစ်ပိုင်း တွင် တိုက်စစ်မှူးများဖြစ်သည့် ဂါဘရီရယ်လ်ဂျေးဇူးနှင့် အန်ကယ်တီယာတို့မှာ ရုန်းကန်ခဲ့ရပြီး ထင်မှတ်ထားသလောက် ဂိုးများသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကတည်းက ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူရန် စီစဉ်ခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ 

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်က နည်းပြ အာတီတာ ဦးဆောင်သည့် အာဆင်နယ်အသင်း၏တိုးတက်မှုကို အထင်ကြီးမိသော်လည်း အသင်းဟောင်းအနေဖြင့် ချန်ပီယံဆုများကို ရယူနိုင်ရန်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး လို အပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဖာဘရီဂတ်စ်က "မန်စီးတီးအသင်းက အခြေခံအားဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်တဲ့ အသင်းနှစ်သင်းစာလောက်ရှိတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာပါ။ အာဆင်နယ်အသင်းမှာ အဲဒီလိုလူစာရင်းမျိုး မရှိပါဘူး။ ချန်ပီယံဖြစ်ချင်တဲ့ အသင်းတစ်သင်းအနေနဲ့ လူစာရင်းအင်အား တောင့်တင်းဖို့ လိုအပ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လူစာရင်းက လိုအပ်ချက်တွေ ရှိနေပါပဲ။ တစ်ရာသီလုံး ဆာကာ၊ ဒက်ကလန်ရိုက်စ်၊ ဆာလီဘာတို့ ကိုချည်း အားကိုးနေလို့ မရပါဘူး။ သူတို့ဒဏ်ရာရသွားရင် ပြဿနာတက်မှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့အမြင်အရ အာဆင်နယ်အသင်း လိုအပ်နေတာက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးပါ။ အာဆင်နယ်အသင်းမှာ တစ်ရာသီကို ဂိုး ၃၀ သွင်းနိုင်တဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ရှိိမယ်ဆိုရင် သူတို့ဟာ ချန်ပီယံဆုတွေကို ရယူနိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် လာမည့် နွေရာသီတွင် အသင်း၏တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် တိုက်စစ်မှူးများကို စောင့်ကြည့်နေကြောင်း သိရှိရသည်။ အာဆင်နယ်အသင်းသည် နွေရာသီတွင် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ဦးစား ပေးပစ်မှတ်အဖြစ် ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ် သည် ယခုရာသီတွင် နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ တွင် ၂၅ ဂိုး သွင်းယူထားသည်။ အီဆက်ခ်၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ အာဆင် နယ်အသင်း အီဆက်ခ်အပြင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးကိုလည်း စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent