၂၀၂၄-၂၅ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို သြဂုတ် ၂၃ ရက်မှ မေ ၁၇ ရက်အထိ ကျင်းပမည်

၂၀၂၄-၂၅ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို သြဂုတ် ၂၃ ရက်မှ မေ ၁၇ ရက်အထိ ကျင်းပမည်
Photo: DFL
Photo: DFL
Published 6 July 2024

 

၂၀၂၄-၂၅ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲ ပွဲစဉ်ဇယားကို ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၂၃ ရက်မှ ၂၀၂၅ ခုနှစ် မေ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲစဉ် (၁) ကို သြဂုတ် ၂၃၊ ၂၄၊ ၂၅ ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်အဖြစ် မိုချန်ဂလာဘတ်နှင့် ချန်ပီယံ လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အဝေးကွင်း၌ ဝုလ်ဖ်ဘတ်အသင်းနှင့်လည်းကောင်း၊ ဒေါ့မွန်အသင်းမှာ အိမ်ကွင်း၌ ဖရန့်ဖတ် အသင်းနှင့်လည်းကောင်း စတင်ရင်ဆိုင်ရမည်ဖြစ်သည်။ 

ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် ထိပ်သီးအသင်းများ တွေ့ဆုံမှုအဖြစ် ပွဲစဉ် (၅) တွင် ဘိုင်ယန်မြူးနစ်-လေဗာကူဆင်၊ ပွဲစဉ် (၁၂) တွင် ဒေါ့မွန်-ဘိုင်ယန်မြူးနစ်၊ ပွဲစဉ် (၂၂) တွင် လေဗာကူဆင်-ဘိုင်ယန်မြူးနစ်၊ ပွဲစဉ် (၂၉) တွင် ဘိုင်ယန်မြူးနစ်-ဒေါ့ မွန်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခုရာသီတွင် ၂-ဘွန်ဒစ်လီဂါပြိုင်ပွဲမှ ဆန့်ပေါ်လီနှင့် ဟော်စတိုင်ကီလ်အသင်းတို့ ဘွန်ဒစ်လီဂါသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

ဘွန်ဒစ်လီဂါ ပွဲစဉ် (၁)

မိုချန်ဂလာဘတ် - လေဗာကူဆင်

လိုက်ပ်ဇစ်  - ဘိုဟုမ်

ဒေါ့မွန် - ဖရန့်ဖတ်

ဟော်ဖန်ဟင်မ်  -ဟော်စတိုင်ကီလ်

ဖရိုင်းဘတ် - စတုဂတ်

အော့စ်ဘတ် - ၀ါဒါဘရီမင်

ဝုလ်ဖ်ဘတ် - ဘိုင်ယန်မြူးနစ်

မိန့်ဇ် - အွန်ယွန်းဘာလင်

ဆန့်ပေါ်လီ - ဟိုင်းဟိုင်