■ ကွင်းသစ်ကို ၂၀၂၆ တွင် ဖွင့်လှစ်မည်ဟု အင်တာမိုင်ယာမီအသင်း အတည်ပြု

■ ကွင်းသစ်ကို ၂၀၂၆ တွင် ဖွင့်လှစ်မည်ဟု အင်တာမိုင်ယာမီအသင်း အတည်ပြု
Photo: Inter Miami
Photo: Inter Miami
Published 6 September 2024

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသည် တည်ဆောက်လျက်ရှိသည့် ကွင်းသစ် ကို ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်မည်ဟု အတည်ပြုကြေညာခဲ့သည်။ 

Miami Freedom Park ဟု အမည်ရသည့် အဆိုပါကွင်းသစ်ကို မူလက ၂၀၂၅ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် လျာထားခဲ့သော်လည်း ယခုအခါ ၂၀၂၆ မှသာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

အင်တာမိုင်ယာမီအသင်း၏ တာဝန်ရှိသူများသည် နာမည်ကျော်တိုက်စစ်မှူး မက်ဆီ ကစားနေစဉ်ကာလအတွင်း ကွင်းသစ်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ခဲ့သော်လည်း မက်ဆီ၏ စာချုပ်မှာ ၂၀၂၅ ခုနှစ်အတွင်း ကုန်ဆုံးမည်ဖြစ်သည့်အတွက် အခက်တွေ့နေကြောင်းလည်း သိရသည်။

အင်တာမိုင်ယာမီအသင်းသည် နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့်အသင်းဖြစ်ပြီး အသင်းတွင် မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်၊ ယော်ဒီအယ်လ်ဘာတို့လို ကစားသမားများ ကစားလျက်ရှိသည်။ 

အင်တာမိုင်ယာမီအသင်းကို ဒေးဗစ်ဘက်ခမ်သည် အမေရိကန်စီးပွားရေးသမားဖြစ်သည့် မက်စ်ညီနောင်နှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၂၉) ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

အင်တာမိုင်ယာမီအသင်းအနေဖြင့် အစပိုင်းတွင် ရုန်းကန်ခဲ့ရသော်လည်း မက်ဆီနှင့် နာမည်ကျော်ကစားသမား ရောက်လာပြီးနောက် အခြေအနေကောင်းနေပြီး ၂၀၂၃ တွင် လိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ယခုအခါ မေဂျာလိဂ်ပြိုင်ပွဲတွင်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent