■ ချန်ပီယံဟောင်းရဲ့ စိန်ခေါ်မှုတွေနဲ့ အိမ်အပြန်

■ ချန်ပီယံဟောင်းရဲ့ စိန်ခေါ်မှုတွေနဲ့ အိမ်အပြန်
Photo : Sky Sports
Photo : Sky Sports
Published 8 August 2024
Phoe Thar

ပရီးမီးယားလိဂ်ချန်ပီယံဟောင်းအသင်းတစ်သင်းဖြစ်တဲ့ လက်စတာအသင်းကိုတော့ ဘောလုံးပရိသတ်နဲ့အထူးအလည် မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ဘောလုံးကမ္ဘာရဲ့အံ့အားသင့်စရာအကောင်းဆုံး အောင်မြင်မှုတွေထဲမှာ လက်စတာအသင်းရဲ့ ၂၀၁၅-၁၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲက တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ဒီချန်ပီယံဆုကပဲ လက်စတာအသင်းကို အမည်ဟိန်းထွက်စေခဲ့တာပါ။ ဒါ့ပြင် ထိုင်းလူမျိုးဘီလျံနာတွေပိုင်ဆိုင်တဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးတဲ့နောက် ရန်ကုန်မြို့ကိုလာရောက်လည်ပတ်တဲ့အထိ မြန်မာပရိသတ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သလို ၂၀၁၈ ခုနှစ်အတွင်း အသင်းပိုင်ရှင်ဗီချိုင်းရဲ့ ရဟတ်ယာဉ်ပျက်ကျကွယ်လွန်မှုကလည်း လက်စတာအသင်းအပေါ် အာရုံစိုက်စရာဖြစ်စေခဲ့ပါတယ်။

 

Most Read

Most Recent