■ ဘင်ဖီကာကွင်းလယ်လူ ဂျော်အိုနေးဗီးစ်အား ခေါ်ယူရန် PSG အသင်း သဘောတူညီမှုရရှိ     

■ ဘင်ဖီကာကွင်းလယ်လူ ဂျော်အိုနေးဗီးစ်အား ခေါ်ယူရန် PSG အသင်း သဘောတူညီမှုရရှိ     
Photo: Getty Images
Photo: Getty Images
Published 2 August 2024

PSG အသင်းသည် ဘင်ဖီကာအသင်းမှ ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ဂျော်အိုနေးဗီးစ်အား ယူရိုသန်း(၇၀) ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ 

ဂျော်အိုနေးဗီးစ် (၁၉ နှစ်) သည် ဘင်ဖီကာအသင်းနှင့် ယူရိုသန်း(၁၂၀)တန် လျော်ကြေးစာချုပ်ချုပ်ဆိုထားသော်လည်း ယခုအခါ ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ဖြင့် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ဂျော်အိုနေးဗီးစ်အတွက် ဘင်ဖီကာအသင်းထံ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) ပေးချေရမည်ဖြစ်ပြီး Add-ons ကြေးအဖြစ် ယူရို(၁၀)သန်း ပေးချေရမည်ဟု သိရသည်။ 

ယခုအပြောင်းအရွှေ့တွင် PSG အသင်းအနေဖြင့် ရီနာတိုဆန်းတို့စ်အား အငှားချပေးရမည့် သဘောတူညီချက်လည်းပါဝင်ကြောင်း သိရသည်။

Most Read

Most Recent