■ ဂွီမာရေ့စ်၏ လျော်ကြေးစာချုပ် တစ်လအတွင်းသာ သက်ရောက်မှု ရှိမည်     

■ ဂွီမာရေ့စ်၏ လျော်ကြေးစာချုပ် တစ်လအတွင်းသာ သက်ရောက်မှု ရှိမည်     
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

နယူးကာဆယ်ကွင်းလယ်ကစားသမား ဂွီမာရေ့စ်၏ လျော်ကြေးစာချုပ်မှာ တစ်လအတွင်းသာ သက်ရောက်မှုရှိမည် ဖြစ်ကြောင်း နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။ 

ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂွီမာရေ့စ်(၂၆ နှစ်)သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နယူးကာဆယ်အသင်းနှင့် (၅)နှစ်သက်တမ်းတိုးရာ၌ ပေါင်သန်း(၁၀၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် အဆိုပါစာချုပ်မှာ မေလနောက်ဆုံးပတ်မှ ဇွန်လနောက်ဆုံးပတ်အတွင်းတွင်သာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။ 

ဂွီမာရေ့စ်ကို ခေါ်ယူရန် မန်စီးတီးနှင့် အာဆင်နယ်တို့အပါအဝင် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent