ချန်ပီယံပြေးလမ်းထက်က အဆုံးအဖြတ်အမှတ်လုပွဲ

ချန်ပီယံပြေးလမ်းထက်က အဆုံးအဖြတ်အမှတ်လုပွဲ
Photos: AFP
Photos: AFP
Published 10 March 2024
Wai Yan Aung

အန်ဖီးလ်ကွင်းဆိုတာက ပြိုင်ဘက်တွေအတွက် ငရဲခန်းလို နေရာမျိုးပါ။ အင်အားကြီးလှပါချည်ရဲ့ဆိုတဲ့၊ ကောင်းလှပါချည်ရဲ့ဆိုတဲ့အသင်း ဖြစ်လာချိန်မှာတောင် မန်စီးတီးအနေနဲ့ အန်ဖီးလ်ကွင်းမှာ နိုင်ပွဲရဖို့ ခဲယဉ်းလွန်းနေပါတယ်။ အစဉ်အလာကိုကြည့်ရင်တော့ မန်စီးတီးအတွက် အန်ဖီးလ်ကွင်းဟာ အလွန်ဆုံး တစ်မှတ်ယူပြီးသာ လှည့်ပြန်ရတဲ့ နေရာမျိုးပါ။ နိုင်ပွဲနဲ့ (၃)မှတ်ကို မျှော်လင့်နိုင်ဖို့ မလွယ်ကူတဲ့နေရာပါ။ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက်လုံးမှာမှ အန်ဖီးလ်ကွင်းမှာ မန်စီးတီးအသင်း အနိုင်ရခဲ့တာ (၂)ပွဲသာ ရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က နည်းပြ ကီးဂန်းလက်ထက်မှာ တစ်ပွဲနဲ့ ၂၀၂၁ ခုနှစ်က ဂွါဒီယိုလာလက် ထက်မှာ တစ်ပွဲပါ။ ၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာက လီဗာပူးလ် အသင်းနဲ့ စုစုပေါင်း(၂၁)ပွဲ ဆုံတွေ့ယှဉ်ပြိုင်ခဲ့ရာမှာ (၇)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၈)ပွဲရှုံးခဲ့ပါတယ်။ လီဗာပူးလ်က ဂွါဒီယိုလာရဲ့ နည်းပြဘဝမှာ အများဆုံးအရှုံးပေးထားရတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

 

Most Read

Most Recent