ဂျာမနီတင်းနစ်မယ် အန်ဂျယ်လီခါဘာ အိုလံပစ်ပြိုင်ပွဲအပြီးတွင် အနားယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာ

ဂျာမနီတင်းနစ်မယ် အန်ဂျယ်လီခါဘာ အိုလံပစ်ပြိုင်ပွဲအပြီးတွင် အနားယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာ
Photo: X
Photo: X
Published 27 July 2024

 

၀ါရင့်ဂျာမနီတင်းနစ်မယ် အန်ဂျယ်လီခါဘာက ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ကမ္ဘာ့အဆင့် ၁ ကစားသမားဟောင်း ခါဘာသည် ၂၀၁၆ သြစတြေးလျအိုးပင်းနှင့် ယူအက်စ်အိုးပင်း၊ ၂၀၁၈ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် စသည့် ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ရရှိဖူးသူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ခြင်းမရှိသော်လည်း ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် ငွေတံဆိပ်ရယူနိုင်ခဲ့သည်။

"ဒါက နောက်ဆုံးစည်းပါပဲ။ အိုလံပစ်ပြိုင်ပွဲမတိုင်ခင်ကတည်းက ၂၀၂၄ ပါရီပြိုင်ပွဲကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးလို့ ကျွန်မပြောထားပါတယ်။ ဘာလို့လဲဆိုတော့ ဒါက တင်းနစ်ကစားသမားတစ်ဦးအနေနဲ့ ကျွန်မရဲ့ နောက်ဆုံးပရော်ဖက်ရှင်နယ်ပြိုင်ပွဲဖြစ်လို့ပါ။ ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်နိုင်ပေမဲ့ အဲဒီလိုတော့ လုံးဝမခံစားရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ဒီအားကစားနည်းကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်ခဲ့တာကြောင့်ပါ။ ကျွန်မကိုပေးခဲ့တဲ့ အမှတ်တရတွေနဲ့ အခွင့်အရေးတွေအတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု ခါဘာက လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

Most Read

Most Recent