ဥရုဂွေးကစားသမားများဘက်မှ ရပ်တည်ကြောင်း စကာလိုနီ ပြောကြား

ဥရုဂွေးကစားသမားများဘက်မှ ရပ်တည်ကြောင်း စကာလိုနီ ပြောကြား
Photo: X
Photo: X
Published 15 July 2024

အာဂျင်တီးနားနည်းပြ စကာလိုနီက ကိုလံဘီယာနှင့်ပွဲတွင် ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော ဥရုဂွေးကစားသမားများဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့သည်။

ဒါဝင်နူးနက်ဇ်အပါအဝင် ဥရုဂွေးကစားသမားအချို့သည် ပွဲကြည့်စင်ပေါ်သို့တက်၍ ကိုလံဘီယာပရိသတ်များနှင့် ထိုးကြိတ်တိုက်ခိုက်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။

စကာလိုနီက ပွဲကြည့်စင်ပေါ်မှ ၎င်းတို့၏ မိသားစုဝင်များအား ကာကွယ်ပေးရန် ကြိုးပမ်းခြင်းဖြစ်သောကြောင့် မိမိ နားလည်နိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ဥရုဂွေးကစားသမားများမှာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent