၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးပွဲအဖြစ် ချယ်လ်ဆီး ၄-၄ မန်စီးတီးပွဲ ရွေးချယ်ခံရ

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးပွဲအဖြစ် ချယ်လ်ဆီး ၄-၄ မန်စီးတီးပွဲ ရွေးချယ်ခံရ
Photo: Premier League
Photo: Premier League
Published 3 June 2024

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးပွဲအဖြစ် ချယ်လ်ဆီး ၄-၄ မန်စီးတီးပွဲ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ အကြိတ်အနယ်အရှိဆုံး (၈)ပွဲကို ဆန်ခါတင်အဖြစ် ထုတ်ပြန်ကာ ပရိသတ်များအား မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီး ၄-၄ မန်စီးတီးပွဲက ဆန္ဒမဲအများဆုံးရရှိခဲ့ပြီး ပရိသတ်(၃၆%) မဲပေးခဲ့ကြောင်း သိရသည်။

ဒုတိယနေရာတွင် ချယ်လ်ဆီး ၄-၃ မန်ယူပွဲက ဆန္ဒမဲ(၂၇%)ဖြင့် ရပ်တည်ခဲ့ပြီး တတိယနေရာတွင် လီဗာပူးလ် ၄-၃ ဖူလ်ဟမ်ပွဲက ဆန္ဒမဲ(၁၂ %)၊ စတုတ္ထနေရာတွင် ဝုလ်ဗ် ၃-၄ မန်ယူပွဲက ဆန္ဒမဲ (၁၁%)ဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent