ဖလော်ရီယန်ဗက်ဇ်အား ၂၀၂၅ ခုနှစ်တွင် ခေါ်ယူနိုင်ရန် ရီးယဲလ်အသင်း သဘောတူညီမှုရခဲ့ဟု စပိန်မီဒီယာများဖော်ပြ

ဖလော်ရီယန်ဗက်ဇ်အား ၂၀၂၅ ခုနှစ်တွင် ခေါ်ယူနိုင်ရန် ရီးယဲလ်အသင်း သဘောတူညီမှုရခဲ့ဟု စပိန်မီဒီယာများဖော်ပြ
Photo : X
Photo : X
Published 10 June 2024

ဥရောပချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းသည် ဂျာမန်ကလပ် လေဗာကူဆင်အသင်းမှ ဂျာမန်ကြယ်ပွင့်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ် (၂၁ နှစ်)အား ၂၀၂၅ ခုှ နှစ်တွင် ခေါ်ယူနိုင်ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဗက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက လေဗာကူဆင်အသင်းအား သမိုင်းဝင်ဘွန်ဒစ်လီချန်ပီယံ အောင်ပွဲရရှိစေရန်အကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့သူဖြစ်သည်။

ဥရောပဘောလုံးလောက၏ အနာဂတ်ကြယ်တစ်ပွင့်အဖြစ်သတ်မှတ်ခံထားသူ ဗက်ဇ်အား ခေါ်ယူရန်အတွက် ထိပ်တန်းကလပ်အသင်းများမှ အပြိုင်ပစ်မှတ်ထားခဲ့သော်လည်း ရီးယဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၅ နွေရာသီတွင် ခေါ်ယူရန် ကစားသမား၊ ကလပ်အသင်းတို့နှင့် ပုဂ္ဂိုလ်ရေး အရသဘောတူညီမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် လေဗာကူဆင်နှင့် စာချုပ်သက်တမ်း(၃)နှစ်ကျန် ရှိနေသေးသည့် ဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း (၁၅၀) အထိအသုံးပြု သွားဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

Most Read

Most Recent