ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 June 2024

ဂျာမနီ - ဟန်ဂေရီ   (ဗုဒ္ဓဟူးည ၁၀း၃၀ နာရီ)

ဂျာမနီက အဖွင့်ပွဲမှာ စကော့တလန်ကို ဂိုးမိုးရွာခဲ့ပြီး အစ ကောင်းခဲ့တယ်။ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ ဒီယုံ ကြည်မှုက ဂျာမနီနဲ့ တွေ့တဲ့ပွဲတွေမှာ ဒုက္ခပေးလေ့ရှိတယ်ဆိုတဲ့ ဟန်ဂေရီရဲ့ ယုံကြည်မှုကို ကျော်ဖြတ်နိုင်မလားဆိုတာကို ကြည့် ရမယ်။ လက်ရှိ ဂျာမနီအသင်းကတော့ အရင်က ဟန်ဂေရီရင်ဆိုင် ခဲ့တဲ့အသင်းမျိုး မဟုတ်ပဲ ခိုင်မာတဲ့ ကွင်းလယ်၊ ခံစစ်နဲ့ ပေါ့ပါး ထက်မြက်တဲ့ တိုက်စစ်ကစားသမားတွေ ပေါင်းစပ်ထားတယ်။ ဟန်ဂေရီ ဒီတစ်ကြိမ်မလွယ်ပါဘူး။ 

စကော့တလန် - ဆွစ်ဇာလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဆွစ်ဇာလန်က ဟန်ဂေရီကို အနိုင်ရတဲ့ ပွဲမှာ အထင်ကြီး လောက်စရာ ပုံစံကို ပြသနိုင်ခဲ့တယ်။ ကွင်းလယ်မှာ ဂရန်နစ်ချာ ကာရဲ့ ဦးဆောင်ပုံနဲ့ ထိန်းကျောင်းပုံက အထင်ကြီးစရာ ဖြစ်သလို ဆွစ်ဇာလန်ရဲ့အသင်းလိုက် မာကျောမှုနဲ့ လုပ်အားနှုန်းကောင်း တဲ့ တိုက်စစ်အတွဲအစပ်က တော်တော်လေး စနစ်ကျတာကို တွေ့ရတယ်။ စကော့တလန်က ကစားသမားကောင်းတွေကို ပိုင် ဆိုင်ထားပေမယ့်အဖွင့်ပွဲမှာ ဂျာမနီကို ဂိုးပြတ်ရှုံးခဲ့ခြင်းမှာ ခံစစ် အားနည်းမှုတွေရှိခဲ့တယ်။ ဒီပွဲလည်း ဆွစ်ဇာလန်ကိုကြိုက်တယ်။ 

Most Read

Most Recent