အဆင့် ၁၀ မဝင်သည့်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခြင်းမှာ အလွန်စိတ်ပျက်စရာဟု လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ဝန်ခံ

အဆင့် ၁၀ မဝင်သည့်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခြင်းမှာ အလွန်စိတ်ပျက်စရာဟု လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ဝန်ခံ
Photos: AFP
Photos: AFP
Published 15 September 2024

 

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က နော်တင်ဟမ်အသင်းနှင့်ပွဲအပြီးတွင် အဆင့် ၁၀ ပင်မဝင်သည့်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခြင်းမှာ အလွန်စိတ်ပျက်စရာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ရာသီအဖွင့် သုံးပွဲတွင် ပေးဂိုးမရှိဘဲ အနိုင်ရထားသော်လည်း စက်တင်ဘာ ၁၄ ရက်က နော်တင်ဟမ် အသင်းအား အန်ဖီးလ်၌ကစားခဲ့သော်လည်း (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ယင်းပွဲမှာ ယခုရာသီအတွက် ပထမဆုံးရှုံးပွဲဖြစ်သလို နော်တင်ဟမ်အသင်းအား အန်ဖီးလ်ကွင်း၌ ရှုံးနိမ့်ခြင်းမှာ လီဗာပူးလ်အသင်းအတွက် ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ကြောင့် အာနယ်ဆလော့က "ဒါက ကြီးမားတဲ့ ဆုတ်ယုတ်မှုပါပဲ။ အထူးသဖြင့် ဒီလိုအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်တာမျိုးပေါ့။ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ သွားနိုင်မလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဒီအသင်းက အဆင့် ၁၀ အထက်မှာတောင် မရှိပါဘူး။ သူတို့က စနစ်တကျဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ တကယ်ကောင်းပေမဲ့ ရှုံးနိမ့်တာက စိတ်ပျက်စရာကောင်းလွန်းပါတယ်" ဟု သုံးသပ်ပြောကြားခြင်းဖြစ်သည်။

Most Read

Most Recent