■ ဇာဗီဆိုင်မွန်ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထား

■ ဇာဗီဆိုင်မွန်ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထား
Published 21 June 2024

ဘိုင်ယန်မြူးနစ်အသင်းသည် PSG အသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ဇာဗီဆိုင်မွန်(၂၁ နှစ်)သည် ပြီးခဲ့သည့် ရာသီတွင် လိုက်ပ်ဇစ်အသင်း၏ အငှားကစားသမားအဖြစ် ဘွန်ဒစ်လီဂါတွင် ခြေစွမ်းပြနိုင်ခဲ့သည့် အတွက် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ၎င်းကို PSV အသင်းထံ ရောင်းချခဲ့ပြီးမှ စာချုပ်ပါသဘောတူညီချက်အရ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

PSG အသင်းသည် ဇာဗီဆိုင်မွန်အား အသင်း၌ နေရာပေးခြင်းမရှိသေးသော်လည်း ၎င်းအတွက် ပြောင်း ရွှေ့ကြေးကို ယူရိုသန်း(၁၀၀)ဝန်းကျင်ရရှိရန် လိုလားနေကြောင်း သိရသည်။

Most Read

Most Recent