ဂျူဗင်တပ်စ်အသင်း၏ ၂၀၂၄ နွေစျေးကွက် ကစားသမားခေါ်ယူ/ရောင်းချမှုများအပေါ် အသင်း၏ဒါရိုက်တာဖြစ်သူ ပျော်ရွှင်ကျေနပ်

ဂျူဗင်တပ်စ်အသင်း၏ ၂၀၂၄ နွေစျေးကွက် ကစားသမားခေါ်ယူ/ရောင်းချမှုများအပေါ် အသင်း၏ဒါရိုက်တာဖြစ်သူ ပျော်ရွှင်ကျေနပ်
Photo: Getty Images
Photo: Getty Images
Published 2 September 2024

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သူ  ဂျီယန်တိုလီက ပြီးဆုံးခဲ့သည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအသင်း၏ ကစားသမားသစ်ခေါ်ယူ/ရောင်းချမှုများအပေါ် ပျော်ရွှင်ကျေနပ်မိကြောင်းပြောကြားခဲ့သည်။

စီးရီးအေချန်ပီယံဆုနှင့် (၄) ရာသီဆက်ဝေးကွာခဲ့သည့် ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေစျေးကွက်အတွင်းက အသင်းကိုအကြီးစားပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဒူးဂလပ်စ်လူးဝစ်ဇ်၊ ခီဖရန်သူရမ်၊ ကွန်ဆီကာအိုနှင့် ကော့ပ်မိုင်နာတို့အပါအဝင် ကစားသမားသစ် (၈)ဦးအထိခေါ်ယူခဲ့သည်။

ယင်းအခြေအနေ နှင့်ပတ်သက်ပြီး ဂျီယန်တိုလီက ''ကျွန်တော်တို့အသင်းရဲ့ စျေးကွက်လှုပ်ရှားမှု အခြေအနေနဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ စျေးကွက်ရဲ့အခြေအနေအပေါ် မြင်တတ်ဖို့နဲ့ အဖြေရှာတတ်ဖို့လိုပါတယ်'' ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေစျေးကွက်အတွင်း ကစားသမားသစ် (၈)ဦးခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးအနိမ့်ဆုံးယူရိုသန်း (၂၅၀)အသုံးပြုခဲ့ပြီး ကစားသမား (၁၄)ဦးရောင်းချခြင်းမှ ယူရိုသန်း (၇၀)ကျော်ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

Most Read

Most Recent