အန်တိုနီ ခြေစွမ်းပြန်ပြနိုင်ခြေရှိသည်ဟု တန်ဟက်ဂ် ဆို

အန်တိုနီ ခြေစွမ်းပြန်ပြနိုင်ခြေရှိသည်ဟု တန်ဟက်ဂ် ဆို
Photo: X
Photo: X
Published 22 July 2024

မန်ယူနည်းပြ တန်ဟက်ဂ်က ပြီးခဲ့သည့်ရာသီတွင် ခြေစွမ်းမပြနိုင်ခဲ့သော ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီအနေဖြင့် မန်ယူအသင်းတွင် ခြေစွမ်းပြန်ပြနိုင်ခြေရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အန်တိုနီ(၂၄ နှစ်)သည် မန်ယူအသင်း၏ တတိယတန်ဖိုးအကြီးဆုံး ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး အသင်းအတွက် စတင်ပွဲထွက်ချိန်၌ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ရောင်းထုတ်ခံရနိုင်သည်ဟု သတင်းထွက်နေသော်လည်း တန်ဟက်ဂ်က ''အန်တိုနီက မန်ယူအသင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ ကစားပြနိုင်ဦးမယ်လို့ ကျွန်တော် အခိုင်အမာယုံကြည်နေတုန်းပါပဲ။ သူ ပြန်ရှင်သန်နိုင်ခြေရှိပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent