ကယ်လ်ဗတ်လူဝင်အား ရောင်းထုတ်ဖွယ်ရှိကြောင်း အဲဗာတန်နည်းပြ ရှောင်ဒိုက် ဝန်ခံ

ကယ်လ်ဗတ်လူဝင်အား ရောင်းထုတ်ဖွယ်ရှိကြောင်း အဲဗာတန်နည်းပြ ရှောင်ဒိုက် ဝန်ခံ
Photo: Goddison News
Photo: Goddison News
Published 17 August 2024

 

အဲဗာတန်နည်းပြ ရှောင်ဒိုက်က အသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ 

အဲဗာတန်အသင်းသည် ဘဏ္ဍာရေး အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး ယခုနွေ တွင် ကွင်းလယ်ကစားသမား အမာဒူအိုနာနာအား အက်စတွန်ဗီလာအသင်းထံသို့ ပေါင် သန်း ၅၀ ဖြင့် ရောင်းချထားသည်။ 

ယခုအခါ အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် ကယ်လ်ဗတ်လူဝင်သာမက ကျန်ကစားသမားများကိုပါ ထိုက်သင့်သင့်ကြေး ရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း ရှောင်ဒိုက်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကယ်လ်ဗတ်လူဝင်မှ မဟုတ်ပါဘူး။ ဘယ်ကစားသမားမဆို အသင်းက ရောင်းချနိုင်ပါတယ်။ အမာဒူအိုနာနာဆိုရင် အက်စတွန်ဗီလာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ထိုက်တန်တဲ့ကြေးနဲ့ ကမ်းလှမ်းလာရင် အသင်းရဲ့ဘယ်ကစားသမားမဆို အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်"ဟု ရှောင်ဒိုက်က ပြောကြားခဲ့သည်။