RCSS အဖွဲ့နှင့် ၎င်းင်းတို့အကြားဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်ပြီး SSPP အဖွဲ့က ရှင်းလင်းချက် ထုတ်ပြန်

RCSS အဖွဲ့နှင့် ၎င်းင်းတို့အကြားဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်ပြီး SSPP အဖွဲ့က ရှင်းလင်းချက် ထုတ်ပြန်
Published 27 May 2024

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် ၎င်းင်းတို့အကြားဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSP)က မေလ ၂၆ ရက်တွင် ရှင်းလင်းချက်ထုတ် ပြန်သည်။

SSPP ၏ ရှင်းလင်းချက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း  သွားလာလုပ်ရှားသည့်  SSPP/SSP တပ်ဖွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကမိုင်းဆွဲတိုက်ခိုက်ခြင်း ချုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာမှာ ပြီးခဲ့သည့် မတ်လမှလက်ရှိ မေလထိခြောက်ကြိမ်တိုင်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ မတ်လ ၃၁ ရက်  နံနက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(RCSS/SSA) တပ်ဖွဲ့က ရပ်စောက်မြို့ နယ်အတွင်းရှိ မိမိတပ်စခန်းများကို ကွင်းဆင်းစစ်ဆေးနေချိန် ကျောက်တန်းကျေးရွာ အတက် လိမ္မော်ခြံကျေးရွာအနီး  နမ့်ပွန်တံတားအရှေ့ဘက်တစ်နေရာမှာ RCSS တပ်ဖွဲ့အင်အားသုံးဦး လမ်းပြအဖြစ် ဒေသခံပြည်သူနှစ်ဦး စုစုပေါင်းငါးဦးတို့က မိုင်းဆွဲတိုက်ခိုက်သည့်အတွက်ကြောင့် SSPP တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီးနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြထားသည်။

ထိုသို့ SSPP တပ်ဖွဲ့ကို RCSS က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး SSPP/SSP ဗဟိုဌာနချုပ်အတွင်းရေးမှူး() ဗိုလ်မှူးကြီးစိုင်းစု RCSS ဗဟိုဆက်ဆံရေးတာဝန်ခံဗိုလ်မှူးကြီးထံ အချက်သုံးချက်ဖြင့် ညှိနှိုင်းတောင်းဆိုခဲ့ကြောင်း၊ အဆိုပါအချက်များမှာ SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့် RCSS ရဲဘော်သုံးဦးအား SSPP ထံ လွှဲပြောင်းအပ်နှံပေးရန်၊ ပြစ်မှုကျူးလွန်သူသုံးဦးကို SSPP ထံ မလွှဲအပ်နိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံးကားလမ်းမကြီး၏ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ရွှေ့ပြောင်းပေးရန်၊ ပြစ်မှုကျူးလွန်သူကို SSPP ထံမလွှဲအပ်နိုင်ဘဲ မိုင်းပွန်-ဟိုပုံး ကား လမ်းအရှေ့ဘက်ကိုပါ မရွွှေ့ပေးနိုင်ခဲ့လျှင် SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောင့်-အင်တောနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်တို့ဖြစ်ကြောင်းနှင့် ယင်းညှိနှိုင်းတောင်းဆိုမှုနှင့် ပတ်သက်ပြီး RCSS ဘက်က တစ်စုံတစ်ရာတုံ့ ပြန်ခြင်းမရှိခဲ့ကြောင်း SSPP အဖွဲ့၏ ရှင်းလင်းချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ မေလ ၁၅ ရက်တွင်လည်း SSPP စစ်ကြောင်းများမှ  ရပ်စောင့်မြို့နယ် ကျိုင်းခမ်းလုံကျေးရွာအုပ်စု ရေမောင်းကျေးရွာမှ လယ်ကျော်ကျေးရွာ-နားစံကျေးရွာအထိ တောထဲမဝင်ဘဲ ကားလမ်းမကြီးအတိုင်း သွားလာလှုပ်ရှားရန်ရှိသည့် အတွက်ကြောင့် RCSS နယ်မြေတာဝန်ခံနှင့် ဗဟိုဆက်ဆံ ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြား အသိပေးထားခဲ့ပြီး မေလ ၁၇ ရက် နံနက်ပိုင်းတွင် SSPP စစ်ကြောင်းက နားစံကျေးရွာ အနောက်ဘက်သို့ကားဖြင့်ထွက်ခွာချိန် RCSS ရဲဘော်အင်အား ၁၀ ဦးခန့်က မိမိ တပ်ဖွဲ့ကိုဦးစွာချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP အဖွဲ့က ရှင်းလင်းချက်ထုတ်ပြန်သည်။

အလားတူ မေလ ၁၉ ရက် ညနေပိုင်းတွင် ရေမောင်းကျေးရွာအနီး ရေချိုးသွားသည့် SSPP တပ်ဖွဲ့ဝင်များကို RCSS တပ်ဖွဲ့က နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မေလ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရေမောင်းကျေး ရွာအနီး  နောင်ယာဆိုင်းတံတားတွင်  RCSS တပ်ဖွဲ့မှ နောက်ထပ်နှစ်ကြိမ် SSPP ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်ယင်းနေရာတွင် SSPP တပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမူမရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မေလ ၂၅ ရက်က ရပ် စောင့်မြို့နယ် နားလုံကျေးရွာတွင် လုပ်ရှားနေသည့်   SSPP စစ်ကြောင်းကို RCSS အင်အား(၁၀) ဦးဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် SSPP  ဘက်က ထိခိုက်ကျဆုံး မှု မရှိခဲ့ကြောင်း၊ မေလ ၂၆ ရက်အထိ SSPP ဘက်က စစ်ရေးပြင်ဆင်ပြီး RCSS ကို ထိုးစစ် ဆင်တိုက်ခိုက်ခြင်း တစ်ကြိမ်မျှပြုလုပ်ခဲ့သေးကြောင်း၊  RCSS က ၎င်းင်းဒေသအတွင်း သွားလာလှုပ်ရှားသည့် SSPP တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခြင်း မိုင်းဆွဲတိုက်ခိုက်ခြင်းနည်းများဖြင့်  တိုက်ခိုက်ခဲ့ခြင်းသည် ခြောက်ကြိမ်တိုင်ရှိပြီဖြစ်ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

မေလ ၁၇ ရက်တွင် RCSS ပိုင် Tai Freedom သတင်းစာမျက်နှာတွင် ရှမ်းစာဘာသာအရေးအသားဖြင့် ရပ်စောက်မြို့နယ်တွင် SSPP နှင့် UWSA အပါအဝင် တပ်မတော်တို့ပူးပေါင်းပြီး RCSS ကိုထိုးစစ်ဆင် တိုက်ခိုက်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားရဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သည်မှာ လုံးဝ မှန်ကန်မူမရှိပဲ SSPP အနေဖြင့်လည်း ၎င်းင်းသတင်းအား ပြင်းထန်စွာရှုံ့ချကြောင်း SSPP အဖွဲ့က ရှင်းလင်းချက်ထုတ်ပြန်သည်။

Most Read

Most Recent