ပြင်သစ်လီဂူးသို့ ဗာရန်း ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိ

ပြင်သစ်လီဂူးသို့ ဗာရန်း ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိ
Photo: X
Photo: X
Published 27 May 2024

မန်ယူအသင်းနှင့် လမ်းခွဲတော့မည်ဖြစ်သည့် ပြင်သစ်နောက်ခံလူ ဗာရန်းသည် ပြင်သစ်လီဂူးသို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သိရသည်။

ဗာရန်း(၃၁ နှစ်)သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လန်းစ်အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက ပြင်သစ်မြေမှ ထွက်ခွာခဲ့သူဖြစ်သည်။

''အရာအားလုံးက ဖြစ်နိုင်ပါတယ်။ စာချုပ်သက်တမ်းကုန်ပြီး လမ်းခွဲရတာ ဒါပထမဆုံးပါ။ ကျွန်တော် အချိန်ယူပြီး စဉ်းစားသွားပါမယ်''ဟု ဗာရန်းက ပြောကြားခဲ့သည်။

၎င်းသည် အသင်းဟောင်း လန်းစ်တွင် ကစားသမားဘဝ အဆုံးသတ်လိုသည်ဟု ပြောကြားခဲ့ဖူးသည်။

 

Most Read

Most Recent