■ မိုးရွာသွန်းပြီး လမ်းခရီးအခက်အခဲကြောင့် မြဝတီ-ရန်ကုန် ယာဉ်စီးခ တစ်သိန်းကျော်ဖြစ်နေပြီး ယာဉ်လိုင်းအချို့ သွားလာ​မှုရပ်ဆိုင်းထား

■ မိုးရွာသွန်းပြီး လမ်းခရီးအခက်အခဲကြောင့် မြဝတီ-ရန်ကုန် ယာဉ်စီးခ တစ်သိန်းကျော်ဖြစ်နေပြီး ယာဉ်လိုင်းအချို့ သွားလာ​မှုရပ်ဆိုင်းထား
Photo..cj
Photo..cj
Published 2 June 2024

မိုးတွင်းကာလ ကရင်ပြည်နယ် မြဝတီ-ရန်ကုန်  လမ်းပေါ်ရှိ ဒေါနတောင်ကျော် မြေသားလမ်းများ ပျက်စီးကာ မော်တော်ယာဉ်များ သွားလာရ ခက်ခဲခြင်းကြောင့်  ခရီးသည်ယာဉ်လိုင်းအချို့ ရပ်ဆိုင်းထားမှုများ ရှိပြီး မဖြစ်မနေ သွားလာမည့် သူများမှာ ယာဉ်စီးခ တစ်သိန်းကျော်ပေးကာ သွားလာနေရကြောင်းသိရသည်။

မြဝတီ ကော့ရိတ်ဒေါနတောင်ကျော် အာရှလမ်းသစ်မှ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာခွင့်ပိတ်ထားဆဲဖြစ်ကြောင်း၊  ကျော်ခို့-ထို့ကော်ကိုးလမ်း၊ သစ်ကတေလမ်း နှင့်၁၀၁၈  လမ်းတို့မှ သွားလာ နေကြရခြင်းဖြစ်သည်။

မိုးရွာသွန်းခြင်းကြောင့် လမ်းပျက်စီးကာ သွားလာရခက်ခဲ့ ခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းများရပ်ဆိုင်းထားပြီး အချို့ မှာ ခရီးသည်များအား ကားနှစ်ဆင့် ဖြင့် ပို့ဆောင်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီမှ ထို့ကော်ကိုးထိ  4 Wheel ကားများဖြင့်သာ သွားလာနေရပြီး ထို့ကော်ကိုးမှ ရန်ကုန်ထိကို ပုံမှန်ကားများဖြင့် ပို့ဆောင်ပေးနေရကြောင်း ခရီးသည်ပို့ဆောင်ရေး ယာဉ်မောင်းတစ်ဦးကပြောသည်။

"မြဝတီ က ထို့ကော်ကိုးထိ  4 wheel ပါတဲ့ကားနဲ့ ပို့တယ်၊ တစ်ခါတစ်ရံ လူအားနဲ့တွန်းရတယ်၊တစ်ခါတစ်ရံ ထွန်စက်နဲ့ဆွဲရတယ်၊ထို့ကော်ကိုးရောက်တော့မှာ ပုံမှန်ခရီးသည်ပို့နေကျယာဉ်တွေနဲ့ ပို့ပေးရတာပါ။"ဟု ခရီးသည် ပို့ဆောင်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ခရီးသည်တစ်ဦးကမူ ယာဉ်စီးခအဖြစ် မြဝတီ- မော်လမြိုင် ရဝဝဝဝကျပ်၊ မြဝတီ-  ဘားအံ တစ်သိန်း ကျပ် နှင့် မြဝတီ -ရန်ကုန် ကျပ် တစ်သိန်းခွဲ ထိ ပေးဆောင်ခဲ့ရကြောင်း ပြောကြားသည်။

ဒေါနတောင်ကျော်လမ်းတွင် မော်တော်း ယာဉ်များအား တွန်းရခြင်း ၊ လမ်းလျှောက်ရခြင်းများရှိခဲ့ကြောင်း ၄င်းခရီးသည်က ဆက်လက် ပြောကြားသည်။

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းမှ ပြည်တွင်းသို့ ကုန်ပစ္စည်း တင်သွင်းမည့် ကုန်တင်ယာဉ်ကြီး များအား သွားလာခွင့်ပြုသော်လည်း ကော့ကရိတ်ဘက်မှ မြဝတီ ဘက်သို့ အတက်ကားများကို ကန့်သတ်ထားကြောင်းသိရသည်။

မြဝတီမြို့တွင် လမ်းခရီး အခက်အခက်အခဲနှင့် ဘတ်ငွေစျေး မြင့်တက်နေခြင်းကြောင့် အခြေခံ စားသောက်ကုန် စျေးနှုန်း များမှာ ယခင်ထက် နှစ်ဆ မြင့်တက်နေကြောင်း သိရသည်။

 

 

Most Read

Most Recent