နွေရာသီတွင် ပခုံးဒဏ်ရာအား ဘယ်လင်ဟမ် ခွဲစိတ်မည်

နွေရာသီတွင် ပခုံးဒဏ်ရာအား ဘယ်လင်ဟမ် ခွဲစိတ်မည်
Photo: X
Photo: X
Published 6 June 2024

ရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ် (၂၀ နှစ်)သည် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးနွေရာသီတွင် ကာလရှည်ခံစားနေရသည့် ပခုံးဒဏ်ရာအား ခွဲစိတ်ကုသမှုပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၄-၂၅ ရာသီ ရီးယဲလ်အသင်း၏ ရာသီအဖွင့်ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေကြောင်း သိရသည်။

ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကစားခဲ့သော ရီးယဲလ်မက်ဒရစ် (၀-၀) ဗယ်လက်ကာနို လာလီဂါပွဲစဉ်တွင် ယင်းဒဏ်ရာကိုရရှိခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပတ် (၃)ပတ်ခန့်အနားယူခဲ့ရသည်။

ထို့နောက် ဘယ်လင်ဟမ်သည် ဒဏ်ရာအား ခွဲစိတ်ကုသမှုမပြုလုပ်ရရန်အတွက် ပခုံးအားကြီးမားသည့်အကာအကွယ် ဝတ်ဆင်ကာကစားခဲ့ပြီး မကြာခဏဆိုသလို နာကျင်မှုခံစားခဲ့ရကြောင်းသိရသည်။

ထို့ကြောင့် ဘယ်လင်ဟမ်အနေဖြင့် ယူရိုပြိုင်ပွဲအပြီးတွင် ဒဏ်ရာအားခွဲစိတ်ကုသရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent