AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှောင်ရှားရန်နှင့် ချင်းအမျိုးသားပိုင်နက် နယ်မြေ၌ ပြည်သူများ၏ ဆန္ဒမပါဘဲ အတင်းအကျပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန်  ချင်းပြည်ကောင်စီ ထုတ်ပြန်

AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှောင်ရှားရန်နှင့် ချင်းအမျိုးသားပိုင်နက် နယ်မြေ၌ ပြည်သူများ၏ ဆန္ဒမပါဘဲ အတင်းအကျပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန်  ချင်းပြည်ကောင်စီ ထုတ်ပြန်
Published 11 June 2024

AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေး လှုပ်ရှားမှုများ ရှောင်ရှားရန်နှင့် ချင်းအ မျိုး သားပိုင်နက်နယ်မြေ၌ ပြည်သူများ၏ဆန္ဒ မပါဘဲ  အတင်းအကျပ်အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့ အ ခွင့်အရေးချိုးဖောက်မှုများ ကို ရပ်တန့်ပေးရန် ချင်းပြည်ကောင်စီ (Chinland council)က ဇွန်လ ၁၀ ရက်တွင် ထုတ် ပြန်သည်။

ULA/AA သည် ချင်းပြည်အတွင်း အ ပြစ်မဲ့ ချင်းပြည်သူများအပေါ် အတင်း အဓမ္မ တပ်သားများ စုဆောင်း၍ စစ်သင်တန်း များ သင်ယူစေခြင်း၊ အတင်းအကျပ် အုပ်ချုပ် ရေး ယန္တယားများ ဖော်ဆောင်ခြင်းများကို ဆောင်ရွက်နေသည့်အပြင် တိုင်းရင်းသားလူမျိုးစုအချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို လစ်လျူရှု၍ လွတ်လပ် စွာ ပညာသင်ကြားခွင့်၊ ဘာသာရေးလွတ် လပ်ခွင့်များကို တားဆီးပိတ်ပင်ပြီး အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်နေသည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ ဤလုပ်ရပ်များသည် တော်လှန်ရေးကာလအ တွင်း တိုင်းရင်းသားလူမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်မှု ကို ထိခိုက်ပျက်ပြားစေသည့်အပြင် တစ်မျိုး သားလုံးလွတ်မြောက်ရေးအတွက် ဖော် ဆောင်နေသည့် တော်လှန်ရေး လမ်းစဉ်များ ကိုလည်း နှောင့်နှေးစေသည်ကို တွေ့ရှိရ  ကြောင်းချင်းပြည်ကောင်စီက ထုတ်ပြန် သည်။

 ချင်းပြည်၏ အချုပ်အခြာ အာဏာသည် ချင်းပြည်အတွင်းရှိ ပြည်သူ လူထုများဖြစ် သည့် အလျောက် ULA/AA အနေဖြင့် ချင်း ပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေး ဖော်ဆောင်မှုများကိုရှောင်ရှားပေးရန်နှင့်          ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း မိမိတို့ ပြည်သူလူထုများ၏ သဘောထား ဆန္ဒမပါဘဲ အတင်းအကျပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ လုပ် ဆောင်နေမှုများသည် တိုင်းရင်းသား လူမျိုး နွယ်စုများ အချင်းချင်းကြား မလိုလား အပ် သော လူမျိုးရေး ပဋိပက္ခ၊ စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် အထက်ပါ လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း ချင်းပြည် ကောင်စီက ထုတ်ပြန်သည်။

ဇွန်လ ၄ ရက်ကလည်း ကမ္ဘာလုံး ဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)က AA အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အ တွင်းရှိ ဒေသခံချင်းလူမျိုးများအပေါ် လူ့အ ခွင့်အရေးချိုးဖောက်မှုနေမှုများကို ရပ်တန့် ရန် သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း ကြေညာချက်ထုတ်ပြန်ခဲ့စဉ်က AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက RFA သတင်းဌာနသို့ ယင်းကြေညာချက်နှင့်ပတ်သက်၍ဖြေကြား ခဲ့ရာတွင် GKO ကြေညာချက်၌ ပါရှိသည့် အချက်များသည် ခူမီးလူမျိုးစုများကို ကိုယ် စားပြုပြီး ထုတ်ပြန် ထားခြင်းမဟုတ်ဘဲ စွပ်စွဲ ပြောဆိုထားခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ သည်။

ခိုင်သုခက“နော်ဝေးမှာနေတဲ့ CNF အဖွဲ့ဝင်တစ်ယောက်က ကျွန်တော်တို့အဖွဲ့ အ စည်းကို မလိုမုန်းထားပြီး မဟုတ်မမှန် လုပ်ကြံ ပြီးတော့မှ စွပ်စွဲတိုက်ခိုက်နေတာသာဖြစ် ပါတယ်။ သူစွပ်စွဲထားသလို မြေပြင်မှာ ဘာမှ ဖြစ်တာမရှိဘူး။ ဒါကြောင့် ထူးထူး ခြားခြား မှတ်ချက်ပေးစရာမရှိပါဘူး” ဟု RFA သတင်း ဌာနသို့ ဖြေကြားထားသည်။

AA အဖွဲ့အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အား ၂၀၂၄ ခုနှစ်တွင် အပြီး သတ်သိမ်းယူခဲ့ပြီးနောက်  လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုဆောင်ရွက်လာခြင်း ဖြစ်ကြောင်း GKO ကထုတ်ပြန်ခဲ့သည်။  

Most Read

Most Recent