ယခုရာသီ ပထမဆုံးရှုံးပွဲကြောင့် နာကျင်ရသော်လည်း ဂျာမန်ဖလားဗိုလ်လုပွဲအတွက် စိန်ခေါ်မှုဖြစ်ကြောင်း အလွန်ဆို သုံးသပ်

ယခုရာသီ ပထမဆုံးရှုံးပွဲကြောင့် နာကျင်ရသော်လည်း ဂျာမန်ဖလားဗိုလ်လုပွဲအတွက် စိန်ခေါ်မှုဖြစ်ကြောင်း အလွန်ဆို သုံးသပ်
Photo: X
Photo: X
Published 23 May 2024

လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ယခုရာသီ ပထမဆုံးရှုံးပွဲ ရင်ဆိုင်ခဲ့ရခြင်းအတွက် နာကျင်ရသော်လည်း ဂျာမန်ဖလားဗိုလ်လုပွဲအတွက် စိန်ခေါ်မှုဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အတ္တလန်တာအသင်းအား ရှုံးနိမ့်ခဲ့သောကြောင့် ဖလားသုံးလုံးမျှော်လင့်ချက် အဆုံးသတ်ခဲ့ရသလို ယခုရာသီ ပြိုင်ပွဲစုံရှုံးပွဲ မရှိစံချိန်မှာလည်း ၅၂ ပွဲမြောက်တွင် ရပ်တန့်သွားပြီဖြစ်သည်။

သို့သော် မေ ၂၅ ရက်တွင် ဂျာမန်ဖလားဗိုလ်လုပွဲအဖြစ် ဘွန်ဒစ်လီဂါ-၂ (ဒုတိယတန်း) ကလပ် ကိုင်ဇာစလော့တန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ အလွန်ဆိုက ယခုလို ပြောကြားခြင်းဖြစ်သည်။

''ဒါက အားထုတ်မှုတွေ ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ဘောလုံးဆိုတာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒီနေ့မှာ ဒီလိုဖြစ်မယ်လို့ မရည်ရွယ်ထားပါဘူး။ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ခဲ့တာတွေက ထူးခြားပါတယ်။ ဒီနေ့အတွက် နာကျင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီရလဒ်နဲ့ ထိုက်တန်ပါတယ်။ ဒါက ဗိုလ်လုပွဲမှာ ရှုံးနိမ့်မှုဖြစ်ပြီး မေ့ပစ်လိုက်လို့မရပါဘူး။ ကျွန်တော်တို့ အခွင့်အရေးကောင်းတစ်ကြိမ်ရခဲ့ပြီး ဒီနေ့မှာ အားလုံးကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ စီစဉ်ထားသလိုမဖြစ်ခဲ့ဘဲ ကျွန်တော်တို့က ကိုယ့်ရဲ့အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ ဒီနေ့ကစပြီး သင်ခန်းစာယူရပါမယ်။ နာကျင်မှုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။  ဒါက ဒီရာသီအတွက် ကျွန်တော်တို့ရဲ့ ပထမဆုံးရှုံးနိမ့်မှုပါ။ အဲဒါကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာက စမ်းသပ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စနေနေ့မှာ ပွဲကြီးတစ်ပွဲ ကစားရဖို့ရှိနေလို့ပါ။ ဒီရှုံးပွဲက နာကျင်ရပေမဲ့ ကျွန်တော်တို့လုပ်ခဲ့တာတွေ၊ ရခဲ့တာတွေအတွက် ဂုဏ်ယူသင့်ပါတယ်'' ဟု အလွန်ဆိုက ပြောကြားသည်။

Most Read

Most Recent