■ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: COMMEBOL
Photo: COMMEBOL
Published 5 July 2024

ဗင်နီဇွဲလား - ကနေဒါ (မြန်မာစံတော်ချိန် ဇူလိုင်လ ၆ ရက် နံနက် ၇:၃၀ နာရီ)



ကနေဒါအသင်းက ချီလီ၊ ပီရူးတို့ကို ကျော်ဖြတ်ပြီး အုပ်စုဒုတိယ ရခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်သင်းနဲ့ ကစားတဲ့ပွဲတွေမှာ ကနေဒါအသင်း ကစားသမားတစ်ယောက် အသာရပြီးမှ ရလဒ်ကောင်းခဲ့တာ ထည့်တွက်ရမယ်။ ကနေဒါအသင်းမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဒေးဗစ်၊ အူစတာကီယို၊ လာရင်တို့လို ကစားသမားကောင်းတွေ ရှိပေမဲ့ ခြေစွမ်းပိုင်းက စိတ်ချရတဲ့အနေအထား မဟုတ်သေးဘူး။ ဗင်နီဇွဲလားအသင်းကတော့ ဒီဘက်နှစ်တွေထဲ တိုးတက်မှုတွေ ရှိလာနေတဲ့အသင်းပါ။ ဗင်နီဇွဲလားပဲ နိုင်ဖို့ များတယ်။