ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(D) ပွဲကြိုသုံးသပ်ချက်

ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(D) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 24 June 2024

ကိုလံဘီယာ နှင့် ပါရာဂွေး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၄း၃၀ နာရီ)

ကိုလံဘီယာအသင်းက ခေတ်ကောင်းတစ်ခေတ်ကို ပြန်ရောက်ဖို့ လမ်းစပြင်နေတယ်။ အိမ်ရှင် အမေရိကန်အသင်းကို ခြေစမ်းပွဲမှာ ဂိုးပြတ်အနိုင်ကစားပြလိုက်တာက ကိုလံဘီယာရဲ့ လက်ရှိဖြစ်တည်စွမ်းကို လှစ်ဟပြနေသလိုပါပဲ။ ကစားသမားစုဖွဲ့မှုကလည်း နေရာစုံမှာ တောင့်တင်းနေတဲ့အနေအထားကို တွေ့နေရတယ်။ ပါရာဂွေးအသင်းကတော့ အယ်လ်မီရွန်၊ ဘရေရီတန်တို့ ဦးဆောင်တဲ့အားနဲ့ ရင်ဆိုင်မှာဖြစ်ပေမဲ့ ကိုလံဘီယာနဲ့ယှဉ်ရင်တော့ တစ်ဆင့်နိမ့်နေတယ်။ ကိုလံဘီယာပဲ နိုင်ဖို့များတယ်။

ဘရာဇီးလ် နှင့် ကော်စတာရီကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)

ဘရာဇီးလ်အသင်းက လူငယ်ကြယ်ပွင့်တွေနဲ့ ဘယ်အဆင့်အထိ အမြင့်ပျံနိုင်မလဲကို စောင့်ကြည့်ရမှာပါ။ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက အိမ်ရှင်အဖြစ် ကျင်းပတဲ့ပြိုင်ပွဲမှာ မဟာပြိုင်ဘက် အာဂျင်တီးနားအသင်းကို အရေးနိမ့်ပြီး ချန်ပီယံဖလား လက် လွှတ်လိုက်ရတာက ဘရာဇီးလ်အနေနဲ့ ပိုခံရခက်စေပါတယ်။  ဒါပေမဲ့ အသင်းတိုက်စစ်ပိုင်းကလွဲပြီး ကွင်းလယ်နဲ့ နောက်တန်းမှာတော့ ဘရာဇီးလ်ရဲ့လက်ရှိကစားသမားတွေက အရှိန်အဝါပိုင်းမှာ အတော်လေးအားနည်းနေတယ်။ နည်းပြသစ် ဒေါ်ရီဗယ်ဂျူနီယာလက်ထက် ရလဒ်ပိုင်းကတော့ မဆိုးဘူးပြောရမယ်။ နာဗတ်စ်တောင် မပါဝင်တော့တဲ့ ကော်စတာရီကာက အတော်လေးကျဆင်းနေတယ်။ ဘရာဇီးလ်အသင်း အနိမ့်ဆုံး နှစ်ဂိုးလောက်ပြတ်လိမ့်မယ်။

Most Read

Most Recent