တိုက်ပွဲကိုယ်စီနွှဲမယ့် ဇာတ်ရှိန်မြင့် ကိုပါအမေရိက

တိုက်ပွဲကိုယ်စီနွှဲမယ့် ဇာတ်ရှိန်မြင့် ကိုပါအမေရိက
Photo : Getty Images
Photo : Getty Images
Published 4 July 2024
Phoe Thar

ယူရို-၂၀၂၄ နဲ့အပြိုင်ဆင်နွှဲနေတဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲကလည်း ကွာတားဖိုင်နယ်အဆင့်ဆီ ရောက်ရှိလာခဲ့ပါပြီ။ ဥရောပရဲ့ ပုံရိပ်အကြီးဆုံး ယူရိုပြိုင်ပွဲလောက် ပရိသတ်စိတ်ဝင်စားမှု၊ ကျော်ကြားမှုမရှိပေမဲ့ တောင်အမေရိကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့အပြင် ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားနဲ့ ဘောလုံးဘုရင် ဘရာဇီးလ်တို့လို လက်ရွေးစင်အသင်းတွေရဲ့ အားပြိုင်ပွဲဖြစ်လို့ စောင့်ကြည့်ရင်ခုန်စရာဖြစ်နေဆဲပါ။ အထူးသဖြင့် တောင်အမေရိကရဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲအပေါ် ပရိသတ်အာရုံပိုရောက်လာစေဖို့ ဆင့်ကဲပြုပြင်ပြောင်းလဲလာမှုတွေက ထိရောက်မှုရှိခဲ့ပြီး လက်ရှိ ၂၀၂၄ ပြိုင်ပွဲမှာဆိုရင် တောင်အမေရိကဇုန် (CONMEBOL) ကိုယ်စားပြုအသင်း (၁၀)သင်းအပြင်၊ မြောက်အမေရိကဇုန် (CONCACAF) ထိပ်သီးအသင်း (၆)သင်းကိုပါ ပါဝင်ယှဉ်ပြိုင်စေခဲ့တဲ့အထိ ပြိုင်ပွဲရဲ့ ပုံရိပ်နဲ့ ဈေးကွက်ကို မြှင့်တင်ခဲ့တာပါ။

 

Most Read

Most Recent