ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိခြင်းကြောင့် အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများ အနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းထား

ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိခြင်းကြောင့် အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများ အနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းထား
Photo-CJ
Photo-CJ
Published 11 September 2024

ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိခြင်းကြောင့် အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများ အနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းထားပါကြောင်း သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှု များပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

သို့ပါ၍ ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ် တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းထားကြောင်း သိရသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုများကြောင့် ကျေးရွာအချို့တွင် ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ စက်တင်ဘာ ၁၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာပြီး စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်း နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အလားတူ တပ်ကုန်းမြို့နယ်၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းမှစ၍ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စုရှိ မကျီးပင်ကျေးရွာ၊ ရေတွင်းဖြူကျေးရွာ၊ ရှားတုန်းအိုင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့တွင် နဝင်းချောင်းရေမြင့်တက်မှူကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် နေပြည်တော်မှ တပ်ကုန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ရန်ကုန်- မန္တလေး ကားလမ်းဟောင်းပေါ်ရှိ အချို့​​နေရာများတွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent