ဘရာဇီးလ်အသင်းအတွက် ဗင်နီစီယပ်စ်ထက် ရိုဒရီဂိုက ပိုအရေးပါသည်ဟု နေမာ ပြောကြား

ဘရာဇီးလ်အသင်းအတွက် ဗင်နီစီယပ်စ်ထက် ရိုဒရီဂိုက ပိုအရေးပါသည်ဟု နေမာ ပြောကြား
Photos: AFP & Mirror
Photos: AFP & Mirror
Published 26 June 2024

 

ဘရာဇီးလ်အသင်း၏ ၀ါရင့်တိုက်စစ်ကစားသမား နေမာက ဘရာဇီးလ်အသင်းအတွက် ဗင်နီစီယပ်စ်ထက် ရိုဒရီဂိုက ပိုအရေးပါသည်ဟု ပြောကြားခဲ့သည်။ 

နေမာသည် ဒူးဒဏ်ရာကြောင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသူဖြစ်ပြီး ဘရာဇီးလ်အသင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက ယင်းကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော့်အထင်တော့ ဘရာဇီးလ်ရဲ့ သော့ချက်ကစားသမားက ရိုဒရီဂိုဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူက ကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်နေလို့ပါ။ သူက ကြယ်ပွင့်ကစားသမားဖြစ်ပြီး နံပါတ်(၁၀)က သူ့ဆီ ကို ကံကောင်းခြင်းတွေ သေချာပေါက်ယူဆောင်လာမှာပါ"ဟု နေမာက ပြောကြားခဲ့သည်။

 

Most Read

Most Recent