မန်ယူအသင်းပိုင်ရှင်များ တူဟယ်လ်နှင့် ဆွေးနွေးခဲ့သော်လည်း မိမိသာအကောင်းဆုံးဟု ဆုံးဖြတ်ခဲ့ကြောင်း တန်ဟက်ဂ် ဆို

မန်ယူအသင်းပိုင်ရှင်များ တူဟယ်လ်နှင့် ဆွေးနွေးခဲ့သော်လည်း မိမိသာအကောင်းဆုံးဟု ဆုံးဖြတ်ခဲ့ကြောင်း တန်ဟက်ဂ် ဆို
Photo: United In Focus
Photo: United In Focus
Published 19 June 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းပိုင်ရှင်များအနေဖြင့် သောမတ်စ်တူဟယ်လ်အပါအဝင် အခြားနည်းပြများနှင့် ဆွေးနွေးခဲ့သော်လည်း မိမိကိုဆက်ထားခြင်းသာ အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဲရစ်တန်ဟက်အနေဖြင့် ယခုနွေရာသီတွင် ထုတ်ပယ်ခံရရန် အလွန်နီးစပ်ခဲ့သော်လည်း မန်ယူအသင်း ပူးတွဲရှယ်ယာရှင်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်က ပြီးခဲ့သည့်ရာသီ စွမ်းဆောင်မှုများကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဒတ်ချ်ရုပ်သံ NOS နှင့်တွေ့ဆုံစဉ်  တန်ဟက်ဂ် က "သူတို့ တူဟယ်လ်နဲ့ စကားပြောခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော့်ကိုပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဆီမှာ အကောင်းဆုံးမန်နေဂျာကို ပိုင်ဆိုင်ထားပြီးသားဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ Ineos က အချိန်ယူဆုံးဖြတ်ခဲ့တာပါ။ သူတို့က ဘောလုံးလောကကို အသစ်ရောက်လာသူတွေဖြစ်ပြီး ရာသီကို ပြန်လည်သုံးသပ်တာက ပုံမှန်ပါပဲ။ ကိုယ်စားလှယ်လောင်းအများအပြားနဲ့ သူတို့စကား ပြောခဲ့ကြတာက လျှို့ဝှက်ထားစရာမဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် စာချုပ်သစ်ချုပ်ဆိုမည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းက "ကျွန်တော်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စာချုပ်သစ်အတွက် သဘောတူညီမှုတစ်ခုရဖို့ ကျန်နေပါသေးတယ်။ အဲဒါက လွယ်လွယ်နဲ့ပြီးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီအကြောင်းဆွေးနွေးဖို့ ကျန်ပါသေးတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent