အာဆင်နယ်သည် မိမိနှင့်အကိုက်ညီဆုံးအသင်းဟု စတာလင်ဆို

အာဆင်နယ်သည် မိမိနှင့်အကိုက်ညီဆုံးအသင်းဟု စတာလင်ဆို
Photo: Raheem Sterling X
Photo: Raheem Sterling X
Published 5 September 2024

အာဆင်နယ်တိုက်စစ်ကစားသမားသစ် စတာလင်က အာဆင်နယ်အသင်းသည် မိမိအတွက် အကိုက်ညီဆုံးအသင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

စတာလင် (၂၉ နှစ်)သည် နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့တွင် ချယ်လ်ဆီးအသင်းမှ အာဆင်နယ်အသင်းထံသို့ တစ်ရာသီအငှားဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

စတာလင်က ''အာဆင်နယ်က ကျွန်တော့်နဲ့အကိုက်ညီဆုံးကလပ်အသင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အောင်မြင်မှုကို အမြဲဆာလောင်နေတဲ့အသင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင် ကြိုးစားနေတာကို တွေ့ရမှာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီအတိုင်းပါပဲ။ အာဆင်နယ်မှာ ကျွန်တော် ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

စတာလင်သည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် လီဗာပူးလ်၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းများတွင် ကစားခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။