■ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကိုအား ခေါ်ယူရန် အာဆင်နယ်အသင်း ပစ်မှတ်ထား     

■ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကိုအား ခေါ်ယူရန် အာဆင်နယ်အသင်း ပစ်မှတ်ထား     
Photo: Getty Images
Photo: Getty Images
Published 18 October 2024

ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းသည် ၎င်းတို့အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ရန် အတွက် ဆက်စ်အား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရသည်။

    

ဆက်ရှ်ကိုသည် လက်ရှိအချိန်တွင် ဥရောပ၏ အထွန်းတောက်ဆုံး လူငယ်တိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းသည် ပြီး ခဲ့သည့် ရာသီကတည်းက ဆက်စ်ကိုအားခေါ်ယူရန် ပစ်မှတ်ထားခဲ့ခြင်းလည်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် တိုက်စစ်ပိုင်း၌ ကိုင်ဟာဗင်ဇ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုကစားနေပြီး လာမည့်ရာသီတွင်မူ ဟာဗက်ဇ်အား ကွင်းလယ်၌ ပြန်လည်အသုံးပြုကာ အထောင်တိုက်စစ်နေရာတွင် ဆက်စ်ကိုနှင့် အစားထိုးလိုခြင်းလည်းဖြစ်သည်။ 

    

အာဆင်နယ်အသင်းသည် ဆက်စ်ကိုအပြင် နောက်ထပ်တိုက်စစ်မှူးတစ်ဦးအဖြစ် နယူးကာဆယ်အသင်း၏ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ကိုလည်း ခေါ်ယူအားဖြည့်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

အသက် (၂၁) နှစ်အရွယ်ရှိ ဆက်စ်ကိုသည် ယခုရာသီတွင် လိုက်ပ်ဇစ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၉) ပွဲတွင် (၆) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent