■ အာဆင်နယ်ကွင်းလယ်ကစားသမား ပါတေးကို ခေါ်ယူရန် အင်တာမီလန်နှင့် ဂျူဗင်တပ်စ် စိတ်ဝင်စားနေ     

■ အာဆင်နယ်ကွင်းလယ်ကစားသမား ပါတေးကို ခေါ်ယူရန် အင်တာမီလန်နှင့် ဂျူဗင်တပ်စ် စိတ်ဝင်စားနေ     
Photo: Getty Images
Photo: Getty Images
Published 4 October 2024

စီးရီးအေထိပ်သီးကလပ်အသင်းများဖြစ်သည့် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် အာဆင်နယ်ကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးသည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ 

ထို့ကြောင့် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် အသက် (၃၁) နှစ်အရွယ် ပါတေးအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြခြင်းဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ကြံ့ခိုင်မှုကျဆင်းလာပြီဖြစ်သည့် ပါတေးကို သက်တမ်းတိုးဖွယ်မရှိတော့ဘဲ လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။ 

ပါတေးအား ခေါ်ယူရန် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့အပြင် ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

Most Read

Most Recent